The network connection is lost.

Banner Image

ဘီလ်ဘာအိုအသင်းရဲ့နည်းပြသစ်ဖြစ်လာတဲ့ အီဒင်တာဇစ်

ဂျာမနီနိုင်ငံသားနည်းပြအီဒင်တာဇစ်က ဗယ်လ်ဗာဒီရဲ့နေရာမှာ အစားထိုးတာဝန်ယူသွားဖို့အတွက် ဘီလ်ဘာအိုနဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ပါတယ်။

ဘီလ်ဘာအိုအသင်းမှာ ဗယ်လ်ဗာဒီရဲ့နေရာကို ဘယ်သူဆက်ခံမလဲဆိုတာနဲ့ ပတ်သက်ပြီး ကောလာဟလတွေ၊ အမည်စာရင်းတွေ အများကြီး ထွက်ပေါ်နေခဲ့ပေမဲ့ အခုတော့ ဒီသံသယတွေအားလုံးကို အဆုံးသတ်နိုင်ခဲ့ပြီး ကလပ်အသင်းဘက်ကလည်း တရားဝင်အတည်ပြုချက် ထုတ်ပြန်ပေးခဲ့ပါတယ်။

ဘီလ်ဘာအိုနည်းပြသစ်ရာထူးအတွက် ရွေးချယ်ခံလိုက်ရသူကတော့ အီဒင်တာဇစ်ပဲ ဖြစ်ပါတယ်။

ဒေါ့မွန်အပါအဝင် အခြားအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂျာမနီလူမျိုးနည်းပြက ဘီလ်ဘာအိုအသင်းကို လာမယ့်ဘောလုံးရာသီနှစ်ခုအတွက် တာဝန်ယူကိုင်တွယ်သွားပါလိမ့်မယ်။

တာဇစ်အတွက်တော့ အသင်းရဲ့သမိုင်းဝင်နည်းပြကြီးနေရာကို အစားထိုးတာဝန်ယူရမှာဖြစ်လို့ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိနေပြန်ပါတယ်။

အခုဘောလုံးရာသီကုန်ဆုံးချိန်မှာတော့ ဘီလ်ဘာအိုက သူတို့ရဲ့နည်းပြသစ်ကို တရားဝင်မိတ်ဆက်ပေးသွားပါလိမ့်မယ်။