The network connection is lost.

Banner Image

အန်ဇိုရဲ့လူမျိုးရေးခွဲခြားတဲ့သီချင်းက ချဲလ်ဆီးအဝတ်လဲခန်းထဲမှာ ပြဿနာဖြစ်နိုင်တယ်လို့ ရီစီဂျိမ်းစ် ဝန်ခံပြောကြား

ချဲလ်ဆီးအသင်းခေါင်းဆောင် ရီစီဂျိမ်းစ်က အန်ဇိုတစ်ယောက် ကိုပါအမေရိကဖလား ရယူနိုင်ခဲ့ပြီးနောက် အသင်းဖော်တွေနဲ့အောင်ပွဲခံချိန်မှာ လူမျိုးရေးခွဲခြားတဲ့ သီချင်းသီဆိုခဲ့တာဟာ အသင်းအဝတ်လဲခန်းထဲမှာ ပြဿနာဖြစ်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

အန်ဇိုဟာ အောင်ပွဲခံချိန်မှာ ပြင်သစ်လူစာရင်းမှာ ပါဝင်တဲ့အာဖရိကနွယ်ဖွားတွေကို ဝေဖန်တဲ့သီချင်းသီဆိုခဲ့တာဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး ချဲလ်ဆီးနောက်ခံလူ ဖိုဖာနာက အန်ဇိုကို ဝေဖန်ပြောကြားထားခဲ့သေးတာဖြစ်ပါတယ်။

သူ့ရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး အန်ဇိုက ပြန်လည်တောင်းပန်ခဲ့ပေမယ့် ချဲလ်ဆီးက အတွင်းပိုင်းထဲမှာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ “မှန်ပါတယ်။ မမှန်ကန်တဲ့လူတွေနဲ့ဆိုရင် အဲ့တာက ပြဿနာဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးအဝတ်လဲခန်းထဲမှာ စည်းလုံးရင်တော့ အဆင်ပြေနိုင်ပါတယ်။ ကျွန်တော် အခြေအနေတော့မသိသေးပေမယ့် ဒီအရာတွေက အေးအေးဆေးဆေး အဆင်ပြေသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူနဲ့ ကျွန်တော်စကားတော့ နည်းနည်းပြောဖြစ်ပါတယ်။ ဒါပေမယ့် အဲ့တာက ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ အချိန်မတူတာကြောင့်ပါ။ ယေဘုယျပြောဆိုမှုပါပဲ။ သူ့အမြင်ကတော့ ဖြစ်ခဲ့တာတွေကို ရှင်းပြဖို့ ကြိုးစားနေတာပါ။ အဲ့တာက တကယ့်ကိုခက်ခဲတဲ့အခြေအနေပါ။ ဘောလုံးမှာက လူမျိုးရေးခွဲခြားသူတွေအတွက် နေရာမရှိပါဘူး။ သူမှားခဲ့တာတွေကို အလျင်အမြန်တောင်းပန်နိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အဆိုပါအခြေအနေတွေကို အကောင်းဆုံးကိုင်တွယ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ရီစီဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ လက်ရှိမှာရာသီကြိုခြေစမ်းပွဲအတွက် အမေရိကမြေကို ရောက်ရှိနေပြီး Wrexham နဲ့ရင်ဆိုင်ထားပြီးဖြစ်ကာ ဆဲလ်တစ် ၊ ကလပ်အမေရိက ၊ မန်စီးတီး ၊ ရီးရဲလ်တို့နဲ့ ဆက်လက်ခြေစမ်းဦးမှာဖြစ်ပါတယ်။