ကူဘိုရဲ့ လီဗာပူးအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပြောကြားလိုက်တဲ့ ရီးရဲလ်ဆိုစီဒက်ဥက္ကဌ
ရီးရဲလ်ဆိုစီဒက်ဥက္ကဌ ဂျိုကင်အပါရီဘေးက ကူဘိုဟာ လီဗာပူးသို့ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေပါတယ်ဆိုတဲ့ အပြောင်းအရွှေ့ကောလာဟလတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
ဂျပန်လက်ရွေးစင်ဟာ ဘက်စ်ကွီးကလပ်တွင် ကြယ်ပွင့်တစ်ဦးဖြစ်နေပြီး သူ့ရဲ့တည်ငြိမ်တဲ့ စွမ်းဆောင်မှုများကြောင့် ညာတောင်ပံအားတွင် အားကောင်းစေရန် ကစားသမားသစ် ရှာဖွေနေတဲ့ မာဆေးဆိုက်ကလပ်ရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလက်က အန်ဖီးလ်တွင် အငြင်းပွားဖွယ်မရှိ အကောင်းဆုံး ကစားသမားဖြစ်သော်လည်း အသက် ၃၂ နှစ်အရွယ်တိုက်စစ်မှူးက ဆော်ဒီအာရေးဗျသို့ ပြောင်းရွှေ့ရန် ပုံမှန်ချိတ်ဆက်နေတာကြောင့် သူ့ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး မေးခွန်းထုတ်စရာများ ရှိနေပါတယ်။
လီဗာပူးဟာ ဆာလက်မပါဘဲ အနေအထားအတွက် ပြင်ဆင်နေပုံရပြီး သင့်တော်တဲ့ အစားထိုးမှုကို ဈေးကွက်ထဲမှာ ခွဲခြမ်းစိတ်ဖြာနေပါတယ်။ သူတို့ဟာ ရီးရဲလ်ဆိုစီဒက်အတွက် ခြေစွမ်းပြသပြီး ပြီးခဲ့တဲ့ရာသီက လိဂ်ပွဲ ၃၀ တွင် ၇ ဂိုးသွင်းကာ ၄ ဂိုးဖန်တီးမှု ပြလုပ်ထားတဲ့ ကူဘိုကို အာရုံစူးစိုက်ခဲ့ကြောင်း သိရပါတယ်။
သို့သော်လည်း ရီးရဲလ်ဆိုစီဒက်ဥက္ကဋ္ဌ အပါရီဘေးက ကလပ်အနေနဲ့ ကူဘိုနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတစ်စုံတစ်ရာ မရရှိခဲ့ကြောင်းနှင့် အသင်းရဲ့တန်ဖိုးကြီးပိုင်ဆိုင်မှုကို ဆက်လက်ထိန်းသိမ်းထားလိုကြောင်း ပြောကြားခဲ့ပါတယ်။ "ကိစ္စမရှိပါဘူး။ ဘယ်အသင်းနဲ့မှ ညှိနှိုင်းမှုမရှိပါဘူး" "ကျွန်တော်တို့က စျေးကွက်ထဲမှာ ရှိနေပါတယ်။ ဘာမဆို ဖြစ်သွားနိုင်ပေမယ့် ကူဘိုက ဒီမှာ အရမ်းပျော်နေပြီး သူ ဆက်သွားနေမှာပါ။ သူ့ကို အရမ်းသဘောကျပါတယ် ဒါကြောင့် သူက အသင်းမှာ ထာဝရရှိနေဖို့ မျှော်လင့်ကြပါစို့" လို့ အပါရီဘေးက Mundo Deportivo သို့ ပြောကြားခဲ့ပါတယ်။
ကူဘိုရဲ့ စာချုပ်တွင် လျော်ကြေးငွေ ယူရို သန်း ၆၀ (ပေါင် သန်း ၅၀၊ ဒေါ်လာ ၆၅ သန်း) ရှိပြီး လာလီဂါကလပ်မှ ထွက်ခွာခေါ်ယူဖို့ ဆွဲဆောင်တဲ့ မည်သည့်အသင်းကမဆို အဆိုပါပမာဏကို အပြည့်ပေးချေရမယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။ ရီးရဲလ်ဆိုစီဒက်ဟာ ယခုနှစ်နွေရာသီတွင် ရော်ဘင်လီနော်မန်နှင့် မီကယ်မာရီနိုတို့ကို ရောင်းချဖို့ရှိနေပြီး တစ်ချိန်တည်းတွင် တတိယမြောက်စူပါစတားတစ်ဦးကို ဆုံးရှုံးလိုက်ရဖွယ်ရှိနေပါတယ်။
ဩဂုတ်လ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီတွင် အာနီစလော့က သူဘောကျတဲ့ ခေါ်ယူမှုများကို ပြုလုပ်ရန် ကြိုးပမ်းနေတာကြောင့် အန်ဖီးလ်အတွက် အလုပ်များတဲ့နွေရာသီဖြစ်နိုင်ပါတယ်။ သို့သော်လည်း ရာသီကြိုပြင်ဆင်မှုများ အပြည့်အ၀ရှိနေပြီး ပရက်စတန်နှင့် တံခါးပိတ်ချစ်ကြည်ရေးတွင် ရှုံးနိမ့်ပြီးနောက် အာဆင်နယ်နှင့် ယူနိုက်တက်တို့နှင့် မရင်ဆိုင်မီတွင် လီဗာပူးက စနေနေ့တွင် ရီးရဲလ်ဘက်တစ်နှင့် အမေရိကမှာ ကစားမှာဖြစ်ပါတယ်။