ဒီဇင်ဘာမှာ ဒဏ်ရာရကစားသမားတွေ ပြန်ကောင်းလာဖို့ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်ဟာ ၂၀၂၅ ခုနှစ်ကို ယုံကြည်မှုအပြည့်နဲ့ တည်ဆောက်နေတာကြောင့် ဒီဇင်ဘာမှာ ပွဲတွေများနေမှာ သေချာပါတယ်။လော့စ်ဘလန်စကိုဟာ စပိန်မြို့တော်တွင် မြို့ခံပြိုင်ဘက် ဂီတာဖေးကို ယှဉ်ပြိုင်ပြီး ဒီတစ်ပတ်ရဲ့လာလီဂါပြိုင်ပွဲကို ကစားမှာဖြစ်ပါတယ်။
အဆိုပါ ထိပ်တိုက်တွေ့ဆုံမှုဟာ ဒီဇင်ဘာတွင် ချန်ပီယံကာကွယ်ပွဲအတွက် အဝေးကွင်း လေးပွဲဆက်တိုက် ဖြစ်ခဲ့ပြီး လာမယ့်ရက်များတွင် အဓိကကစားသမားတွေရဲ့ ဒဏ်ရာကနေသက်သာလာတဲ့ သတင်းအချို့ရှိလာခဲ့ပါတယ်။ Marca ရဲ့ဖော်ပြချက်အရ ပြင်သစ်လက်ရွေးစင် ချူအာမီနီဟာ ဒီဇင်ဘာ ၄ ရက် အက်သလက်တစ်ကလပ်နှင့်ကစားသမားမယ့်ပွဲမှာပြန်လည်ကစားနိုင်ဖို့ ရှိနေပါတယ်။
ချူအာမီနီဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် တစ်လလောက် အနားယူနေရပေမယ့် အခုအချိန်မှာတော့အဆင်သင့်ဖြစ်နေပါပြီ။ရီးရဲလ်မက်ဒရစ်အတွက် အဓိကကျတဲ့ နေရာအတွက် နောက်ထပ်ကစားသမားတစ်ဦး ပြန်ကစားနိုင်ခြင်းဖြစ်ပြီး ဆုဖလားပြိုင်ဆိုင်မှုကလည်း တင်းကျပ်လာကာ အသင်းရဲ့ကွင်းလယ်မှာ ချူအာမီနီ ပြန်ကစားနိုင်ခြင်းက ပြိုင်ပွဲစုံမှာ ကစားသမားတွေ အလှည့်ကျပွဲလာစေနိုင်မှာ ဖြစ်ပါတယ်။