The network connection is lost.

Banner Image

ဘိုင်ယန်စတားဟောင်းကို ရောင်းထုတ်ဖို့ ပြင်ဆင်လာတဲ့ ရီးရဲလ်မက်ဒရစ်

ဘဏ္ဍာရေးအခြေအနေအရကော ကြံ့ခိုင်မှုအရပါ ရုန်းကန်နေရတဲ့ နောက်ခံလူ အလာဘာကို ရီးရဲလ်အသင်းဘက်က ရောင်းထုတ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။စပိန်သတင်းဌာန မန်ဒိုဒီပို့တီဗို့သတင်းဌာနရဲ့အဆိုအရ အလာဘာရဲ့အခြေအနေဟာ ရီးရဲလ်အတွက် ကွင်းတွင်းကော ကွင်းပြင်ပမှာပါပြဿနာရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် လုပ်ခလစာကလည်း တစ်နှစ်ကို ပေါင် ၁၉ သန်းရရှိနေပြီး သူ့ထက်ပိုများတဲ့ကစားသမားအဖြစ် ဘာပေ နဲ့ ဗင်နီတို့သာရှိနေတာဖြစ်ပါတယ်။

ရာမို့စ်မရှိတော့ကတည်းက အလာဘာဟာ ၂၀၂၁ ဘိုင်ယန်ကနေပြောင်းလာပြီးနောက် အသင်းကို ပွဲဦးထွက်ရာသီမှာတင် လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားရအောင်ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ ဒီဇင်ဘာမှာ ဗီလာရီးရဲလ်နဲ့ကစားစဉ် အရွတ်ကြောဒဏ်ရာရခဲ့ပြီးနောက် ကစားသမားဘ၀ အကျပိုင်းကို ဦးတည်စေခဲ့ပါတယ်။ ရက်ပေါင်း ၃၉၉ ရက်ပြန်လည်ကြံ့ခိုင်မှုတည်ဆောက်ခဲ့ပြီးနောက် ၂၀၂၅ ဇန်နဝါရီမှာ ပြန်လာနိုင်ခဲ့ပေမယ့် ကြံ့ခိုင်မှုပိုင်းပြဿနာရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက ၁၄ ပွဲသာပါဝင်ခွင့်ရခဲ့သလို အဲ့ထဲက ၅ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

သြစတြီးယားသား နဲ့ ရီးရဲလ်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ ဇွန်လမတိုင်အထိရှိနေပြီး မနှစ်ကတုန်းကလည်း မိနစ် ၉၀ ပြည့် ၁ ပွဲသာ ပါဝင်ခွင့်ရခဲ့သလို ဒဏ်ရာကနေပြန်လာပြီးကတည်းက ၂ ပွဲဆက်ပါဝင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ ရီးရဲလ်ဘက်က အဆိုပါအခြေအနေတွေကြောင့် ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး သူ့နေရာမှာ အစားထိုးကစားသမားခေါ်ယူချင်နေပါတယ်။ အလာဘာကိုခေါ်ယူမယ့်အသင်းစောင့်ဆိုင်းနေပေမယ့် အပြီးသတ်ခေါ်ယူဖို့ထက် အငှားနဲ့သာ ခေါ်ယူချင်နေကြပါတယ်။ တကယ်လို့ အပြောင်းအရွှေ့အဆင်မပြေခဲ့ရင် အသင်းအားကစားဒါရိုက်တာကတော့ အလာဘာ နဲ့ ၂ ဦးသဘောတူလမ်းခွဲဖို့ ပြင်ဆင်နေပါတယ်။