The network connection is lost.

Banner Image

ထိပ်တန်းအသင်းတစ်သင်းဆီကနေ ကမ်းလှမ်းမှုလက်ခံရရှိခဲ့ကြောင်း လိုက်ပ်ဇစ် အတည်ပြု

သတင်းတွေအရ အာဆင်နယ်ဟာ လိုက်ပ်ဇစ်အသင်းစတား ဆက်စ်ကိုအတွက် ကနဦးကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆာကာ နဲ့ ဂျီးဆပ်စ်တို့ဒဏ်ရာရရှိချိန်မှာ အာဆင်နယ်ဟာ အခုဆောင်းဈေးကွက်မှာတင် တိုက်စစ်မှူးသစ်ရှာဖွေလာခဲ့တာဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက အာဆင်နယ်ဟာ လိုက်ပ်ဇစ်စတား ဆက်စ်ကိုအတွက် ကနဦးကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် လိုက်ပ်ဇစ်ဘက်က သူတို့အသင်းစတားအတွက် ပေါင်သန်း ၇၀ မရရင် ရောင်းချမှာမဟုတ်ဘူးလို့ သိရပါတယ်။ဆက်စ်ကိုအခြေအနေနဲ့ပတ်သက်ပြီး နည်းပြ ရို့စ်ကလည်း သူ့အနေနဲ့ ဆလိုဗေးနီးယားသားကို အသင်းမှာဆက်ရှိနေစေချင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စကိုင်းဂျာမနီသတင်းထောက် ဖီးလစ်က ဆက်စ်ကိုအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ရို့စ်က “မှန်ပါတယ်။ အခြေအနေတွေက ဆက်လက်ဖြစ်နေဆဲပါ”လို့ ဖြေကြားခဲ့ပါတယ်။

ဆလိုဗေးနီးယားသားဟာ ဒီရာသီလိုက်ပ်ဇစ်အတွက် ၂၆ ပွဲမှာ ၁၄ ဂိုးသွင်းယူထားနိုင်ခဲ့ပြီး ရို့စ်တစ်ယောက် ဆက်စ်ကိုအား ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဆက်လက်စွမ်းဆောင်ပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။