The network connection is lost.

Banner Image

လိုက်ပ်ဇစ်စတားဟာ ချဲလ်ဆီးထံပြောင်းချင်နေကြောင်း အရိပ်အမြွက်ပြောကြားလာတဲ့ အားကစားဒါရိုက်တာ မာဆယ် အရိပ်အမြွက်ဆို

လိုက်ပ်ဇစ်အားကစားဒါရိုက်တာ မာဆယ်က ကွင်းလယ်လူ ဇာဗီဆိုင်မွန်တစ်ယောက် ချဲလ်ဆီးထံပြောင်းချင်နေပေမယ့် သဘောတူညီမှုမရသေးဘူးလို့ အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။

ဆိုင်မွန်ဘက်က ချဲလ်ဆီးထံပြောင်းချင်နေပေမယ့် အပြန်အလှန်အနေနဲ့ သောကြာနေ့က ဘိုင်ယန်ကို ၆-၀ နဲ့အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပါဝင်ကစားခဲ့ပါတယ်။ နယ်သာလန်သားဟာ ဂျာမန်မြေမှာဆက်နေနိုင်ချေရှိနေပေမယ့်လည်း အပြောင်းအရွှေ့မပိတ်သေးတာကြောင့် ဘာမဆိုဖြစ်နိုင်ချေရှိနေတယ်လို့ မာဆယ်က ဆိုပါတယ်။

“သောကြာနေ့မှာ ဇာဗီတစ်ယောက် ကျွန်တော်တို့နဲ့ ဆက်ရှိနေပါတယ်။ ကျွန်တော်တို့ အမြဲပြောနေသလို ဆုံးဖြတ်ချက်တွေအားလုံးက အားကစား နဲ့ ဘဏ္ဍာရေးဆိုင်ရာအပေါ်မူတည်ပြီး ဆုံးဖြတ်ချက်တာပါ။ ဒါကြောင့် ဇာဗီက ကျွန်တော်တို့ကစားသမားဖြစ်သလို ဒီနေ့မှာ သူဝင်ကစားခဲ့တာပါ။ အပြောင်းအရွှေ့ဈေးကွက် ဖွင့်နေဆဲပါ။ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ ကျွန်တော်လည်း ၁၀၀% အာမမခံနိုင်ပါဘူး။

သူ့ရည်မှန်းချက်ကို လူတိုင်းသိပါတယ်။ သူကလည်း ကျွန်တော်တို့ကိုပြောထားပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်တုန်း အလဲအလှယ်အနည်းငယ်ရှိခဲ့ပါတယ်။ ဒီနေ့မှာတော့ ဇာဗီက လူစာရင်းထဲ ပါဝင်လာပါတယ်။ ဒါကြောင့် ၂ သင်းကြား သဘောတူညီမှုမရသေးပါဘူး။ ဒါကြောင့် သူအသင်းမှာဆက်ရှိနေတာပါ”လို့ မာဆယ်က ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးဘက်က ဆိုင်မွန်ကိုခေါ်ယူချင်နေပြီး အန်ကူကူကို ပြန်လည်ရောင်းချချင်နေပါတယ်။ ပီအက်စ်ဂျီစတားဟောင်းဟာ အန်ဇိုရဲ့နည်းစနစ်မှာ အံဝင်နိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပြိး အပြောင်းအရွှေ့မှာက ဘာမဆိုဖြစ်သွားနိုင်ချေရှိနေပါတယ်။ လက်ကျန်အပြောင်းအရွှေ့မပိတ်ခင်မှာ ဆိုင်မွန်တစ်ယောက် ချဲလ်ဆီးအသင်းထံရောက်လာမလားဆိုတာစောာင့်ကြည့်ရမှာဖြစ်ပြီး ချဲလ်ဆီးဟာ လာမယ့်စနေနေ့မှာ ဖူလ်ဟမ်နဲ့ကစားရမှာဖြစ်ပါတယ်။