 
                                                                        ကြွက်သားဒဏ်ရာကြောင့် ကာလရှည်နားရတော့မယ့် ပီအက်စ်ဂျီစတား
မနေ့ညက လိုရီးရန့်တ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီစတား ဒူအေးတစ်ယောက် ကြွက်သားဒဏ်ရာရရှိခဲ့ပြီး ကာလရှည်နားရတော့မှာဖြစ်ပါတယ်။ ပြင်သစ်သားဟာ အဆိုပါပွဲမှာကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခုဒဏ်ရာက ဒုတိယမြောက်ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
L’Equipe သတင်းဌာနကတော့ ဒူအေးတစ်ယောက် အနည်းဆုံး ၁ လလောက်နားရနိုင်တယ်လို့ ဖော်ပြခဲ့ပြီး အဲ့ထက်လည်းကြာနိုင်တယ်လို့ ဆိုပါတယ်။ ဒူအေးဒဏ်ရာရရှိခဲ့တာက ပီအက်စ်ဂျီ နဲ့ ပြင်သစ်အသင်းအတွက် သတင်းဆိုးဖြစ်လာခဲ့ပြီး လာမယ့်နိုင်ငံတကာရက်သတ္တပတ်ကို လွဲချော်တော့မှာဖြစ်ပါတယ်။
 
         
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                 
                                