The network connection is lost.

Banner Image

ဒေါ့မွန်စတားကို ပစ်မှတ်ထားလာတဲ့ ပီအက်စ်ဂျီ

သတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ပုံစံကောင်းပြသနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဂူယာဆေးကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဂျာမန်သတင်းဌာန BILD ရဲ့အဆိုအရ ပီအက်စ်ဂျီအသင်းဟာ အခုနွေရာသီမှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးရှာဖွေနေပြီး ပြိုင်ပွဲစုံဒေါ့မွန်အတွက် ၄၄ ပွဲမှာ ၃၃ ဂိုးသွင်းယူထားနိုင်တဲ့ ဂူယာဆေးကို အလိုရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ပီအက်စ်ဂျီအနေနဲ့ ဂူနီယာသားရဲ့စာချုပ်ဖျက်သိမ်းကြေးကြောင့် ခက်ခဲဖွယ်ရှိနေပါတယ်။ ဂူယာဆေးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက စတုဂတ်အသင်းထံကနေ ဒေါ့မွန်အသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ အဆိုပါစွမ်းဆောင်ရည်တွေကြောင့် အခုနွေရာသီမှာ အသင်းကနေထွက်ခွာမယ်လို့ သတင်းကြီးနေပြီး ပရီးမီးယားလိဂ်အသင်းတွေကလည်း စိတ်ဝင်စားနေပါတယ်။

ဒေါ့မွန်ဒါရိုက်တာ ရစ်ကန်ကတော့ ဂူယာဆေးသတင်းတွေနဲ့ပတ်သက်ပြီး “ဆီရာဟူက ကျွန်တော်တို့နဲ့ ဆက်နေချင်ပါတယ်။ သူတစ်နှစ်ပဲကစားပြီး ထွက်ခွာမှာမဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ ဈေးကွက်ထဲမှာ ထိပ်တနိးငွေကြေးတွေအသုံးပြုလေ့ရှိတာဖြစ်ပြီး ဒေါ့မွန်နဲ့စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀ က အတားအဆီးဖြစ်လာဖွယ်မရှိတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခြားအသင်းထိပ်တန်းအသင်း ၇ သင်းလောက်က စိတ်ဝင်စားနေတာကြောင့် ပီအက်စ်ဂျီအနေနဲ့ စာချုပ်ဖျက်သိမ်းကြေးထက်ပိုသုံးရဖွယ်ရှိနေပါတယ်။ ဒေါ့မွန်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ လိုအပ်နေပြီး အဆင့် ၅ နေရာမှာ ၅၄ မှတ်နဲ့ရပ်တည်နေပေမယ့် အဆင့် ၄ နေရာက ဖရိုင်းဘတ်နဲ့ ၁ မှတ်အကွာ ၊ အဆင့် ၃ နေရာက ဖရန့်ဖတ် နဲ့ ၃ မှတ်သာ ကွာဟနေပါတယ်။

ဒီရာသီမှာ ဂူယာဆေးအတွက် ဒေါ့မွန်အတွက် လိဂ်ဂိုး ၂၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပြီး လာမယ့်စနေနေ့မှာကန်မယ့် နောက်ဆုံးလိဂ်ပွဲမှာလည်း ဂိုးထပ်သွင်းနိုင်ဖို့ မျှော်လင့်နေပါတယ်။