ဘုန်းမောက်နဲ့ပွဲမှာ ဒဏ်ရာရကစားသမားတွေပြန်လာနိုင်ဖို့ မျှော်လင့်နေတဲ့ ပိုစတီကိုဂလူ
တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူက လာမယ့်ကြာသပတေးနေ့မှာကန်မယ့် ဘုန်းမောက်နဲ့ပွဲမှာ ဒဏ်ရာရကစားသမားတွေပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဖူလ်ဟမ်ကို ၁-၁ သရေကျခဲ့တဲ့ပွဲမှာ ဆိုလန်ကီတစ်ယောက်ပါ ထပ်မံဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါအနေအထားကြောင့် တော့တင်ဟမ်မှာ ဒဏ်ရာရကစားသမား ၈ ဦးအထိ ရှိလာခဲ့ပြီး လာမယ့်ဘုန်းမောက်နဲ့ပွဲမှာတော့ ဆိုလန်ကီအနေနဲ့ ပါဝင်လာနိုင်ချေရှိနေပါတယ်။
“ကျွန်တော်မျှော်လင့်ပါတယ်။ သူစနေနေ့တုန်းက လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။ ဒါပေမယ့် သူဝင်လာချိန်မှာ အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် သူ့ကိုအိမ်ပြန်လွှတ်ခဲ့ရပါတယ်။ ဒဏ်ရာရတာမဟုတ်ပဲ ဖျားနေတာပါ။ ဒါကြောင့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ သူအဆင်ပြေမယ်လို့ မျှော်လင့်နေပါတယ်”လို့ ဆိုလန်ကီအနေအထားကို ပိုစတီကိုဂလူက ပြောကြားခဲ့ပါတယ်။
ဒီမာရိုင်းဂရေးက ဆိုလန်ကီနေရာမှာ လူစားဝင်ခဲ့ရပြီး အခြားတစ်ဖက်မှာ ရိုမဲရိုးကလည်း ဒဏ်ရာရရှိနေဆဲဖြစ်ပါတယ်။ ပိုစတီကိုဂလူက လာမယ့်ဘုန်းမောက်နဲ့ပွဲမှာ အာဂျင်တိုင်းသား ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။ “အလားအလာတော့ရှိနေပါတယ်။ သူအသင်းနဲ့လေ့ကျင့်ခန်းမဆင်းသေးပါဘူး။ ဒါကြောင့် သူနီးတော့ နီးစပ်လာပါတယ်။
ဒါပေမယ့် သူလေ့ကျင့်ခန်းတော့ မဆင်းသေးပါဘူး။ သူ နဲ့ ဗန်ဒီဗန်တို့ ပြန်လာနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ မကြာခင်တော့ ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ အရမ်းတော့ မကြာလောက်တော့ပါဘူး”လို့ ပိုစတီကိုဂလူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ရိုမဲရိုး နဲ့ ဗန်ဒီဗန်တို့ မပါဝင်နိုင်တာကြောင့် ပိုစတီကိုဂလူအနေနဲ့ ဘန်ဒေးဗီးစ် ၊ ဒရာဂူဆင်တို့ကို နောက်တန်းမှာ အသုံးပြုနေရတာဖြစ်ပါတယ်။ “ဘန်နီ နဲ့ ရာဒူတို့က တစ်လျှောက်လုံးစွမ်းဆောင်ရည်ကောင်းတွေပြသနေပါတယ်။နောက်တန်းကစားသမား ၂ ဦးစလုံးဒဏ်ရာရတဲ့အသင်း သိပ်မရှိပါဘူး။ ကျွန်တော်မြင်ဖူးတာတော့ အနည်းဆုံး ၁ ယောက်လောက်ပဲဒဏ်ရာရတာပါ။ ဒီကောင်လေးတွေ အကောင်းဆုံးလုပ်ဆောင်ပြနေပါတယ်။ အဲ့တာကို ကျွန်တော်ချစ်ပါတယ်။ သူတို့ ဆင်ခြေမပေးသလို လုပ်ဆောင်နိုင်သမျှလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် အချို့နေရာမှာ အခုထက်ပိုအားစိုက်ထုတ်ဖို့ လိုအပ်နေပါတယ်”လို့ ပိုစတီကိုဂလူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဖူလ်ဟမ်ဟာ အဝေးကွင်းမှာ တော့တင်ဟမ်ဆီကနေ အဖိုးတန်သရေတစ်မှတ်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။