The network connection is lost.

Banner Image

အင်္ဂလန်အသင်းနည်းပြနေရာအတွက် သတင်းတွေ ထွက်နေတဲ့ ပိုချက်တီနို

သတင်းတွေအရ ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှုအရ ပိုချက်တီနိုကို နောက်ထပ်အသင်း တစ်သင်းတာဝန်ယူဖို့ မကန့်ထားဘူးလို့သိရပါတယ်။ အာဂျင်တိုင်းသားကို အင်္ဂလန်အသင်းက ဆောက်ဂိတ် နေရာအတွက် ချိတ်ဆက်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

အက်ဖ်အေကတော့ လာမယ့်အင်္ဂလန်အသင်းနည်းပြနေရာအတွက် ပိုချက်တီနိုကို စာရင်းထဲထည့်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပိုချက်တီနိုရဲ့ အင်္ဂလိပ်ဘောလုံးလောကမှာ ရှိခဲ့တဲ့အတွေ့အကြုံကောင်းတွေအပြင် လူငယ်တွေကို ပျိုးထောင်တတ်တဲ့အနေအထားကြောင့် အင်္ဂလန်အသင်းအတွက် ပိုစဉ်းစားစရာဖြစ်နေပါတယ်။

ချဲလ်ဆီးမှာတုန်းကလည်း အာဂျင်တိုင်းသားဟာ ပယ်လ်မာလိုကစားသမားမျိုးကို စွမ်းဆောင်ရည်ကောင်းပြသနိုင်အောင် ပျိုးထောင်ပေးနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းကတော့ ပိုချက်တီနိုမတိုင်ခင် တူချယ်နဲ့ ပေါ်တာတို့ကို ခန့်အပ်ခဲ့သေးတာဖြစ်ပြီး ဘရိုက်တန်က ပေါင် ၂၁ သန်း ရရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ အခုနည်းပြအသစ် မာရက်စ်ကာအတွက် ပေါင် ၁၀ သန်း လက်စတာအသင်းထံ ပေးချေခဲ့ရပါတယ်။ ပိုချက်တီနိုထွက်ခွာမှုနဲ့အတူ သူ့ရဲ့နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ပီရက်ဇ် ၊ မီဂွယ် ၊ တိုနီ ၊ ဆီဘက်စတီနိုတို့လည်း ပါဝင်ခဲ့ကာ လစာရရှိမယ်လို့ သိရပါတယ်။ အက်ဖ်အေကတော့ အင်္ဂလန်နည်းပြနေရာအတွက် ပိုချက်တီနိုကို မျက်စိကျနေပြီး အနာဂတ်မှာ ခေါ်ယူနိုင်ဖို့များနေပါတယ်။