The network connection is lost.

Banner Image

ရိုဒရီကို မိုက်ကယ်ဂျော်ဒန်နဲ့နှိုင်းယှဉ်ကာ မန်စီးတီးအပေါ် လွှမ်းမိုးမှုအကြောင်း ရှင်းပြသွားတဲ့ ဂွါဒီယိုလာ

ပက်ဂွါဒီယိုလာက ကွင်းလယ်လူ ရိုဒရီရဲ့ မန်စီးတီးအပေါ် လွှမ်းမိုးနိုင်မှုကို NBAအကျော်အမော် မိုက်ကယ်ဂျော်ဒန်နဲ့ နှိုင်းယှဉ်ကာ ရှင်းပြသွားခဲ့ပါတယ်။ ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် သတင်းထောက်များနဲ့တွေ့ဆုံချိန် ဂွါဒီယိုလာက မန်စီးတီးဟာ ရိုဒရီမပါနိုင်တာကြောင့် ရုန်းကန်နေရသလို ဘော်လွန်းဒီအော်ဆုရှင် မရှိဘဲ ဘယ်လိုကစားရမယ်ဆိုတာ အဖြေရှာဖို့ခက်ခဲနေကြောင်းလည်း ဝန်ခံသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတွေအတွင်းက မန်စီးတီးရဲ့အောင်မြင်မှုတွေမှာ အဓိကကျခဲ့တဲ့ ရိုဒရီဟာ ဒူးအရွတ်ကြောစုတ်ပြဲဒဏ်ရာကြောင့် တစ်ရာသီလုံးနားရမယ့်အရေးနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့ရာသီ မန်စီးတီးမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်တွေကြောင့် ၂၀၂၄ ဘော်လွန်းဒီအော်ဆုရှင်အဖြစ်ပါ ရွေးချယ်ခံခဲ့ရပါတယ်။

ဂွါဒီယိုလာက "ဒီနှစ်ရာသီမှာ ဘော်လွန်းဒီအော်ဆုရှင် ရိုဒရီနဲ့ ပြီးခဲ့တဲ့ရာသီ အင်္ဂလန်အကောင်းဆုံးကစားသမား ဖိုဒန်တို့ မပါဝင်ဘဲ ကစားနေရပါတယ်။ သူတို့မပါဘဲ ကစားနေရတာက ခက်ခဲပါတယ်။ Chicago Bullsကလည်း မိုက်ကယ်ဂျော်ဒန်ပါတဲ့အချိန်မှာ NBA ၆ကြိမ်ရခဲ့တယ်မလား။ ဂျော်ဒန် အနားယူသွားတဲ့အချိန်မှာ သူတို့ ဖလားဘယ်နှလုံးရတော့လို့လဲ။ ကစားသမားတွေ ပြန်လာတဲ့အချိန်မှာ ကျွန်တော်တို့လည်း တောင့်တင်းလာမှာပါ။

အဲ့ဒါက လေ့ကျင့်ရေးအစီအစဉ်တွေ၊ အသင်းဆရာဝန်တွေ၊ ကြံ့ခိုင်ရေးမှူးတွေ၊ ကစားသမားတွေ၊ သူတို့ ဘယ်လိုစားတယ်၊ အနားယူတယ်တွေနဲ့ မဆိုင်ပါဘူး။ ပြဿနာက တစ်ခုပဲရှိပါတယ်။ ပွဲချိန်ဇယားပါ။ အဲ့ဒါက အမှန်တရာပါး ကစားသမားတွေမရှိရင် အရာအားလုံးက ပိုပြီးခက်ခဲလာပါတယ်။ ကျွန်တော်တို့ ဖလား၃လုံးရတဲ့အချိန်၊ ဖလားလေးနှစ်ဆက်ရတဲ့အချိန်တွေတုန်းက အသင်းမှာ ကြွက်သားဒဏ်ရာကြောင့် နားရတဲ့ ကစားသမား တစ်ဦး၊ နှစ်ဦးသာရှိခဲ့ပြီး ကျွန်တော်တို့ လုံးဝတည်ငြိမ်ခဲ့ပါတယ်။"လို့ ပြောခဲ့ပါတယ်။

ဒဏ်ရာပြဿနာအကြောင်း ညည်းညူခဲ့ပြီးနောက် ဂွါဒီယိုလာက မနက်ဖြန်ညမှာ ကစားမယ့် မန်ချက်စတာဒါဘီအတွက်လည်း ခံစစ်မှူး ၃ဦးသာ ကြံ့ခိုင်မှုပြည့်ဝနေကြောင်း ဖွင့်ဟခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ မနက်ဖြန်ညမှာ ယူနိုက်တက်အသင်းကို အီတီဟတ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပါတယ်။