
ချဲလ်ဆီးစတားတစ်ဦးဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်လာနိုင်တယ်လို့ ပယ်လ်မာ အခိုင်အမာဆို
ချဲလ်ဆီးစတား ပယ်လ်မာက အသင်းဖော် လီဗီယာဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးဖြစ်လာနိုင်တယ်လို့ ထောက်ခံပြောကြားလိုက်ပါတယ်။ လီဗီယာဟာ ၂၀၂၃ တုန်းက ဆောက်သမ်တန်က ချဲလ်ဆီးအသင်းထံ ပေါင် ၅၈ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဒဏ်ရာမျိုးစုံကြောင့် ၁ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။
အသက် ၂၁ နှစ်သားဟာ လက်ရှိရာသီမှာလည်း မာရက်စ်ကာလက်အောက်မှာ ပရီးမီးယားလိဂ် ၁၁ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။ ပယ်လ်မာက အသင်းဖော် လီဗီယာတစ်ယောက် ထိပ်တန်းအဆင့်မျိုးရောက်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ “သူ(လီဗီယာ)က ကျွန်တော် အတူတွဲကစားဖူးတဲ့ကွင်းလယ်လူတွေထဲကတစ်ဦးလို့ ထင်ပါတယ်။ လူတိုင်း သူ့ကို မမြင်ဖူးပါဘူး။ ဘာလို့လဲဆိုတော့ သူဒဏ်ရာရနေတာကြောင့်ပါ။ယေဘုယျအားဖြင့် ကျွန်တော် သူ့ကိုစီးတီးမှာကတည်းက သိတာပါ။ လူတိုင်းနားလည်မယ်လို့ ကျွန်တော်ထင်ပါတယ်။ တစ်နေ့မှာ သူအကောင်းဆုံးကွင်းလယ်လူတွေထဲကတစ်ဦးဖြစ်လာနိုင်ပါတယ်။ ဒဏ်ရာရနေတာကြောင့် သူ့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဒီရာသီကို သူနဲ့တွဲကစားဖူးပါတယ်။ သူမတူညီတာတွေလုပ်နိုင်တယ်ဆိုတာကိုခင်ဗျားမြင်မှာပါ။ သူရာသီအပြည့်ကို ကြံ့ခိုင်မှုအပြည့်နဲ့ကစားမယ်ဆိုရင် လူတိုင်းနားလည်မယ်လို့ ထင်ပါတယ်”လို့ ပယ်လ်မာက ပြောကြားခဲ့ပါတယ်။
ပယ်လ်မာက လက်ရှိအချိန်မှာ ဘာစီလိုနာတောင်ပံကစားသမား ယာမဲလ်ဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးလို့ ယုံကြည်နေပါတယ်။ အသက် ၁၇ နှစ်သားဟာ ဒီရာသီဘာစီလိုနာအတါက် ၁၆ ဂိုးသွင်း ၊ ၂၄ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။
“သူ(ယာမဲလ်)က ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးလို့ ကျွန်တော်ထင်ပါတယ်။ သူ့မှာ အရာအားလုံးရှိနေပါတယ်။ သူကလည်း အရာအားလုံးကို အေးဆေးကျော်ဖြတ်နေပါတယ်။ သူ့ကိုကြည့်လိုက်ချိန်မှာ ရူးချင်စရာပါ။ သူ့ယုံကြည်မှုအတိုင်း သူကစားပြနေတာပါ။ သူ့မှာကြောက်စိတ်မရှိသလို သူကစားတာကိုကြည့်ရတာ ကျွန်တော် နှစ်သက်ပါတယ်”လို့ ပယ်လ်မာက ပြောကြားခဲ့ပါတယ်။