The network connection is lost.

Banner Image

လီဝန်ဒေါစကီးကို ခေါ်ယူဖို့ချိတ်ဆက်မှုတွေစတင်ပြုလုပ်လာတဲ့ ဆော်ဒီပရိုလိဂ်

ဘာစီလိုနာတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ အသင်းမှာဆက်လက်နေထိုင်ပြီး အဆင့်တန်းမြင့်ဘောလုံးလောကမှာ ဆက်လက်ကစားလိုကြောင်းပြောကြားထားပေမယ့် ယခုအခါမှာတော့ ဆော်ဒီပရိုလိဂ်ကလပ်တွေက ကစားသမားကို ချိတ်ဆက်မှုတွေစတင်ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ 

အသက်-၃၆ နှစ်အရွယ် ပိုလန်လက်ရွေးစင်က သူဟာ ဘာစီလိုနာမှာနောက်ထပ်တစ်နှစ်ဆက်လက်နေထိုင်သွားမှာဖြစ်ကြောင်းပြောကြားထားပြီး စာချုပ်သက်တမ်းကလည်း ၂၀၂၆ ခုနှစ်အထိ ကျန်ရှိနေသေးတာဖြစ်ပါတယ်။ သို့သော်လည်း စပိန်သတင်းတွေအရ ဆော်ဒီကလပ်တွေဟာ ဝါရင့်တိုက်စစ်မှူးကို ကမ်းလှမ်းမှုတွေစတင်ပြုလုပ်ဖို့ပြင်ဆင်နေပြီလို့ဆိုပါတယ်။ 

လီဝန်ဒေါစကီးက “ကျွန်တော့်ကစားသမားဘဝမှာ ဆုဖလားပေါင်း ၃၀ ကျော်ဆွတ်ခူးထားခဲ့ပြီးပါပြီ။ ဒါပေမယ့် နောက်ထပ်ဆုဖလားတွေထပ်ယူဖို့ ကျွန်တော်အဆင်သင့်ဖြစ်နေတုန်းပါ။ ဒီမှာနောက်ထပ် တစ်ရာသီထပ်နေသွားပါဦးမယ်။ အခုကျွန်တော်အာရုံစိုက်ထားတာ ဘာစီလိုနာပါပဲ။ နောက်ရာသီမှာ ကျွန်တော်တို့အသင်းပိုကောင်းလာပါလိမ့်မယ်” လို့ အပြောင်းအရွှေ့ကောလာဟလတွေကို တုံ့ပြန်ထားပါတယ်။ 

လီဝန်ဒေါစကီးဟာ အသက်-၃၆ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးရဲ့အရည်အသွေးတွေကို ဆက်လက်ပြသနေဆဲဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၄၂ ဂိုးသွင်းယူပြီး လာလီဂါနဲ့ ကိုပါဒယ်ရေးဆုဖလားတွေကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ 
ဘာစီလိုနာအနေနဲ့ ကစားသမားကို ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခွင့်ပေးထားပေမယ့် ဆော်ဒီပရိုလိဂ်ကလပ်တွေက တန်ကြေးကြီးကြီးမားမားနဲ့ကမ်းလှမ်းလာခဲ့ရင်တော့ ရောင်းချဖို့စဉ်းစားသွားဖွယ်ရှိပါတယ်။ 

ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟောင်း လီဝန်ဒေါစကီးကတော့ စပိန်မြေမှာဆက်လက်နေထိုင်ပြီး အောင်မြင်မှုနောက်ကို ဆက်လိုက်ဖို့ဆန္ဒရှိနေတာကြောင့် နောက်ရာသီအတွက် အခုချိန်ကတည်းက ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။