The network connection is lost.

Banner Image

ဘရိုက်တန်အား ၃-၀ နှင့် ရှုံးနိမ့်မှုအတွက် ချဲလ်ဆီးအသင်းအပေါ် မာရက်စကာ ပြင်းထန်စွာ ဝေဖန်

ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စကာသည် ယနေ့နံနက် ဘရိုက်တန်အသင်းအား အဝေးကွင်း၌ ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် အသင်း၏ ခြေစွမ်းကို "အဆိုးရွားဆုံး" ဟု ပြင်းထန်စွာ ဝေဖန်လိုက်သည်။ ဘရိုက်တန်တိုက်စစ်မှူး မီတိုမာ၊ မင်တက်ချ်တို့၏ သွင်းဂိုးများဖြင့် ဘရိုက်တန်တို့ အလွယ်တကူ အနိုင်ရရှိခဲ့သည့် ပွဲစဉ်တွင် ချဲလ်ဆီးအသင်းမှာ တိုက်စစ်ပိုင်း၌ ဖိအားပေးမှု တစ်ကြိမ်မျှ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပေ။

"ကျွန်တော် ရောက်လာပြီးကတည်းက အဆိုးရွားဆုံး ခြေစွမ်းလို့ ပြောလို့ရမယ်။အထူးသဖြင့် အခုလို အရေးကြီးတဲ့ အချိန်မှာပေါ့။ ကျွန်တော်တို့ အခု လိဂ်မှာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရှိနေတာ။ ဒီပွဲနိုင်ရင် အဆင့် ၃ နဲ့ တစ်မှတ်ပဲ ကွာတော့မှာ။ ဒါပေမဲ့ ကျွန်တော်တို့ ခြေစွမ်းက လုံးဝကို မကောင်းဘူး။" ဟု မာရက်စကာက Sky Sports သို့ ပြောကြားခဲ့သည်။

အထူးသဖြင့် တိုက်စစ်ပိုင်းတွင် အဓိက ကစားသမားများ ဒဏ်ရာရရှိနေသောကြောင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း နည်းပြက ထပ်လောင်းပြောကြားခဲ့သည်။ အန်ကွန်ကူနှင့် ပယ်လ်မာတို့ တိုက်စစ်တွင် ပါဝင်ခဲ့သော်လည်း ဘရိုက်တန်ခံစစ်ကို ထိုးဖောက်မှု လုံးဝမပြုလုပ်နိုင်ခဲ့ပေ။ "ကျန်ရှိနေသေးတဲ့ ပွဲစဉ်တွေမှာတော့ အကောင်းဆုံး ကြိုးစားပြီး အဆုံးသတ်ရမှာပါ။" ဟု အသက် ၄၅ နှစ်အရွယ် အီတလီလူမျိုး နည်းပြက ပြောကြားခဲ့သည်။