အာမိုရင်ထုတ်ပယ်ခံရပြီးနောက် ယူနိုက်တက်ကို ပြန်လည်တာဝန်ယူဖို့ စိတ်ဝင်စားနေတဲ့ ဆိုးရှား
အာမိုရင်ထုတ်ပယ်ခံရပြီးနောက် ယာယီနည်းပြအဖြစ် မန်ချက်စတာယူနိုက်တက်ဆီ ပြန်လည်ဝင်ရောက်ဖို့အတွက် ဆိုးရှား စိတ်အားထက်သန်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။ လိဒ်နဲ့တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါသအိုးပေါက်ကွဲပြီးနောက် အသက်-၄၀နှစ်အရွယ်အာမိုရင်ကို ရာထူးမှထုတ်ပယ်ဖို့ ယူနိုက်တက်တို့ ဆုံးဖြတ်ခဲ့ပါတယ်။
အာမိုရင်ကိုယ်တိုင်လည်း ယူနိုက်တက်မှာ နိုင်ပွဲ ၃၁ ဒဿမ ၉ ရာခိုင်နှုန်းသာရှာဖွေနိုင်ပြီး ကလပ်အသင်းရဲ့ပရီးမီးယားလိဂ်သမိုင်းတလျှောက် အဆိုးဝါးဆုံးမှတ်တမ်းရှင်နည်းပြတစ်ဦး ဖြစ်လာပါတယ်။ အခုအချိန်မှာ သရဲနီကွင်းလယ်ကစားသမားဟောင်းဖလက်ချာက ရာသီကုန်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူသွားဖို့ ရှိနေပါတယ်။
နာမည်ကြီးသတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ယူနိုက်တက်တိုက်စစ်မှူးဟောင်းနဲ့ နည်းပြဟောင်း ဆိုရှားက ကလပ်အသင်းဘက်မှ အခြားလမ်းကြောင်းတစ်ခုဆီသွားဖို့ရွေးချယ်မယ်ဆိုရင် ပူးပေါင်းပါဝင်ပေးဖို့ အဆင်သင့်ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် စာချုပ်သက်တမ်းကိစ္စကို ဂရုမစိုက်ဘဲ ဆိုရှားကိုယ်တိုင် ဒီအလုပ်ကို လိုလိုလားလားရှိတယ်လို့ နားလည်ရပါတယ်။