
ဒိန်းမတ်သားကို ယူနိုက်တက်ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး နည်းပြ ရီမာ ဝေဖန်
ဒိန်းမတ်အသင်းနည်းပြ ရီမာက တိုက်စစ်မှူး ဟွိုက်လန်းကို ယူနိုက်တက်ကိုင်တွယ်ခဲ့ပုံနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားလိုက်ပါတယ်။ ဟွိုက်လန်းဟာ လက်ရှိနာပိုလီအသင်းထံ အငှားပြောင်းရွှေ့ပြီးနောက် ၆ ပွဲမှာ ၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ၂၀၂၃ တုန်းက အတ္တလန္တာထံကနေ ယူနိုက်တက်ကိုပြောင်းပြီးကတည်းက ဒိန်းမတ်သားဟာ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
အင်္ဂလန်မြေမှာ ဟွိုက်လန်းတစ်ယောက် ယူနိုက်တက်အတွက် ပြီးခဲ့တဲ့ရာသီအတွင်း ၃၂ ပွဲမှာ ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ အခုရာသီသစ်မှာ အမ်ဘွီမို ၊ ကန်ဟာ နဲ့ ဆက်စ်ကိုတို့ရောက်လာမှုကြောင့် ယူနိုက်တက်က ဟွိုက်လန်းကိုရှင်းထုတ်ခဲ့တာဖြစ်ပြီး နာပိုလီထံအငှားချခဲ့ကာ ပေါင် ၃၈ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်လည်း ပါဝင်နေပါတယ်။
ဒါပေမယ့် ယူနိုက်တက်ကနေထွက်ခွာခဲ့တဲ့ယခင်ကစားသမားဟောင်းတွေနည်းတူ ဟွိုက်လန်းကလည်း ခြေစွမ်းကောင်းတွေပြသနေပါတယ်။ အသက် ၂၂ နှစ်သားဟာ လိဂ်ဂိုး ၄ ဂိုးသာသွင်းယူနိုင်ခဲ့ပေမယ့် အဲ့ထဲက စီးရီးအေ ၄ ပွဲမှာ ၂ ဂိုးပါဝင်နေပါတယ်။ ကြာသပတေးနေ့ ဘီလာရုစ်နဲ့ပွဲမတိုင်ခင် ဒိန်းမတ်နည်းပြ ရီမာက အသင်းဟောင်း ယူနိုက်တက်ရဲ့ ဟွိုက်လန်းအပေါ် ကိုင်တွယ်ပုံကို ဝေဖန်ခဲ့ပါတယ်။
“ဟွိုက်လန်းမှာ အရည်အချင်းကောင်းတွေရှိနေပါတယ်။ အဲ့တာကို ဆွေးနွေးစရာကိုမလိုတာပါ။ သူက ဘယ်လိဂ်မှာမဆိုကစားနိုင်ပါတယ်။ အီတလီလိဂ်နဲ့အံဝင်သလားဆိုတော့ မှန်ပါတယ်။ အဲ့အကြောင်း သံသယဖြစ်ဖို့မလိုပါဘူး။ ဘာလို့လဲဆိုတော့ အဲ့တာကို သူသက်သေပြပြီးပါပြီ။ ဒါပေမယ့် အဲ့တာကအင်္ဂလိပ်ဘောလုံးဟန်နဲ့အဆင်မပြေဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။အချက်အလက်တွေအရ သူ့အတွက် အံဝင်နိုင်မယ့်အသင်းဆိုရင် သူအဆင်ပြေတာကိုမြင်နိုင်ပါတယ်။ သူ့အနားမှာ ပံ့ပိုးပေးမယ့်သူတွေရှိမယ်ဆိုရင် ရက်စ်မက်စ်က အဆင်ပြေတယ်ဆိုတာ မြင်နိုင်ပါတယ်။ အဲ့တာက ခင်ဗျားကစားတဲ့လိဂ်ထက်ပိုအရေးပါပါတယ်”လို့ ရီမာက ပြောကြားခဲ့ပါတယ်။
အီတလီမြေမှာခြေစွမ်းပြနိုင်တဲ့အပေါ် ဟွိုက်လန်းက “ အီတလီမြေမှာတော့ သူအများကြီးအချိန်မယူခဲ့ရပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီမှာ အချိန်တစ်ခုလောက်ကစားခဲ့ဖူးတာကြောင့်ပါ။ ကျွန်တော်အံဝင်သလိုခံစားရပါတယ်။နွေရာသီအားလပ်ရက်တုန်းက ကျွန်တော် အကုန်အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ကျွန်တော့်နေရာက သာမန်အားဖြင့်ဂိုးသွင်းဖို့ပါ။ အဲ့တာက ကျွန်တော့်အလုပ်ပါ။ ကျွန်တော်ကွင်းထဲသွားချိန်မှာ အဲ့အရာတွေအပေါ် အပိုယုံကြည်မှုတွေရှိရပါတယ်။ ကျွန်တော်အဲ့အကြောင်းနဲ့ပတ်သက်ပြီး ပျော်ပါတယ်”လို့ ဟွိုက်လန်းက ပြောကြားခဲ့ပါတယ်။
ဟွိုက်လန်းတင် နာပိုလီမှာခြေစွမ်းပြနေတာမဟုတ်ပဲ ယခင်ယူနိုက်တက်စတားဟောင်း တိုမီနေးကလည်း ခြေစွမ်းကောင်းတွေပြသနေတာဖြစ်ပါတယ်။ ဒါ့အပြင် ရက်ရှ်ဖို့ဒ်လည်း ဗီလာထံပြောင်းရွှေ့တုန်းက ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ နာပိုလီဟာ လာမယ့်အပတ်မှာ တိုရီနိုနဲ့ကန်ရမှာဖြစ်ပြီး ရိုးမားအသင်းက အင်တာမီလန်နဲ့ ပွဲကျပ်ကန်ရမှာဖြစ်ပါတယ်။