The network connection is lost.

Banner Image

နည်းပြသစ်လက်အောက် ပထမဆုံးရက်သတ္တပတ်အတွက် ပျော်ရွှင်ကျေနပ်နေတဲ့ အန်ကွန်ကူ

အန်ကွန်ကူက အခုရာသီကြိုကာလမှာ ချဲလ်ဆီးအသင်းနဲ့ အပြည့်အဝအံဝင်ခွင်ကျဖြစ်နေမှုအပေါ် ကျေနပ်အားရနေပါတယ်။ ပြင်သစ်တိုက်စစ်မှူးက ပြီးခဲ့တဲ့ဘောလုံးရာသီအကြိုခြေစမ်းပွဲမှာ ဒူးဒဏ်ရာရရှိပြီးနောက် ပရီးမီးယားလိဂ်ကစားသမားဘ၀ ဗွေဆော်ဦးဘောလုံးရာသီကို ခက်ခက်ခဲခဲကျော်ဖြတ်ခဲ့ရပါတယ်။

ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် အန်ကွန်ကူက “ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုအပြီး ကျွန်တော် ပိုကောင်းလာနေပြီလို့ ခံစားရပါတယ်။ ကျွန်တော် ပိုကောင်းလာနေပါတယ်။ နွေရာသီမှာလည်း ပျော်ရွှင်စရာအားလပ်ရက်တစ်ခု ရရှိခဲ့ပါတယ်။ ကျွန်တော်အတွက် ဒါကို လိုအပ်ခဲ့ပါတယ်။ ကျွန်တော် ကလပ်အသင်းဆီ ပြန်မလာခင် အလုပ်နည်းနည်းလောက်လုပ်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ရော၊ ကျွန်တော့်ရဲ့ဦးနှောက်အတွက်ပါ ခက်ခဲတဲ့ ဘောလုံးရာသီအပြီး အားလပ်ရက်ရရှိဖို့ အလွန်အရေးကြီးခဲ့ပါတယ်။ ဒါ တကယ်ကောင်းပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်က ကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုနဲ့အတူ ရှေ့ဆက်နိုင်ဖို့နဲ့ အံဝင်ခွင်ကျဖြစ်နေဖို့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ပါဝင်လေ့ကျင့်ပြင်ဆင်နေပါပြီ။ ရာသီကြိုကာလက အရမ်းကောင်းသလို အသင်းကလည်း ကောင်းနေပါတယ်။ ခြေစမ်းပွဲစဉ်အချို့ကစားဖို့နဲ့ အလန်းဆန်းဆုံးဖြစ်နေဖို့ ကြိုးစားလေ့ကျင့်နေပါတယ်”လို့ ပြောပါတယ်။

နည်းပြသစ် မာရက်စ်ကာနဲ့ပတ်သက်လို့ အန်ကွန်ကူက “နည်းပြသစ်က အကြံကောင်းဉာဏ်ကောင်းတွေ ယူဆောင်ပေးလာပါတယ်။ သူနဲ့အတူ လေ့ကျင့်ရေးအစီအစဉ်တိုင်းကို ကျွန်တော်တို့အားလုံး ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နေကြပါတယ်။ အခုကတော့ အစပဲရှိပါသေးတယ်။ သူလိုချင်တဲ့ ကစားပုံအတိုင်းကစားနိုင်ဖို့ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ ကျွန်တော်တို့ လေ့လာသင်ယူသွားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေ သင်ယူနေရတဲ့ လမ်းကြောင်းမှာပဲ ရှိနေပါသေးတယ်။ နည်းပြသစ်ရဲ့အိုင်ဒီယာတွေ ကစားသမားတိုင်းမှာ ရှိသွားပြီဆိုရင် ဒီနှစ်မှာ အရမ်းကောင်းတဲ့ကစားဟန်နဲ့ ကျွန်တော်တို့ ကစားနိုင်ပါလိမ့်မယ်။ သူ့ရဲ့စိတ်ကူးက ဘောလုံးကိုင်ကစားနိုင်ရေးဖြစ်တာကြောင့် အခုအချိန်မှာ ကျွန်တော်တို့ ဒါကို လေ့ကျင့်ပြင်ဆင်နေပါတယ်”လို့ ပြောပါတယ်။