၂၀၂၆ ကမ္ဘာ့ဖလားမတိုင်မီ ဘရာဇီးအတွက် အရေးပါတဲ့ကစားသမား ဖြစ်လာမယ့် နေမာ
နေမာဟာ ဘရာဇီးအတွက် အရေးပါသော ကစားသမားအဖြစ် ပြန်လည်ပေါ်ထွက်လာလိမ့်မယ်လို့ အယ်လ်ဟီလာကြယ်ပွင့်နှင့် ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ဒဏ်ရာအခြေအနေကို ပြောကြားထားတဲ့ ဒိုရီဗယ်ဂျူနီယာက ယုံကြည်နေပါတယ်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာ လာမယ့်လများအတွင်း နေမာပြန်ကစားနိုင်ဖို့ မျှော်လင့်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အရေးပါတဲ့ အားဖြည့်မှုဖြစ်လာမှာပါ။ ခြေစစ်ပွဲရဲ့ဇယားတွင် အဆင့် ၆ နေရာတွင် ရပ်တည်နေပြီး တိုက်စစ်မှူးရဲ့ ပြန်လည်ကစားနိုင်မှုက ကိုပါအမေရိကပြိုင်ပွဲတွင် အထင်ကြီးလောက်စရာမရှိခဲ့တဲ့ တိုက်စစ်အတွက် ကြီးမားတဲ့ တိုးတက်မှုတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်။
ESPN ရဲ့ ဖော်ပြချက်အရ နေမာဟာ စက်တင်ဘာလတွင် ပါဝင်နိုင်မှာ မဟုတ်ပေမယ့် ဘရာဇီးပရိသတ်တွေရှေ့မှာကစားမယ့် ပီရူး၊ အဝေးကွင်းမှာ ကစားရမယ့် ချီလီတို့နှင့် အောက်တိုဘာလပွဲစဉ်တွေအတွက် ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။ သို့သော် ဒိုရီဗယ်က နေမာဘယ်အချိန်ပြန်ရောက်လာမလဲဆိုတာ မပြောခဲ့သော်လည်း ဂရုတစိုက်စောင့်ကြည့်မှုနှင့် တဖြည်းဖြည်းတိုးတက်မှုလိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ESPN နှင့် အင်တာဗျူးတစ်ခုတွင် ဒိုရီဗယ်က "ကျွန်တော့်ကတော့ အချိန်အတိုင်းအတာတစ်ခု မသတ်မှတ်ချင်သလို လုပ်ပိုင်ခွင့်လည်း မရှိဘူး။ ဒါပေမယ့် သူ့ကို အနီးကပ် စောင့်ကြည့်နေပြီး တိုးတက်လာနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ အရမ်းနူးညံ့တဲ့ ဒဏ်ရာတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။ လူတွေထင်ထားသလောက် မရိုးရှင်းပါဘူး သူ တတ်နိုင်သမျှ သတိထားဖို့ လိုပါတယ်။ ကျွန်တော့်အမြင်အရတော့ သူပြန်လာတာကို အချိန်မရွေး အလျင်စလို မလုပ်မိပါစေဖို့နဲ့ ဒီလကုန်အထိ စောင့်ပြီးရင် နောက်ထပ်တစ်လ ဒါမှမဟုတ် နှစ်လလောက်လိုဆိုရင်လည်း ပြသနာဖြစ်လိမ့်မယ်လို့ မထင်ပါဘူး" လို့ ပြောပါတယ်။
မည်သို့ပင်ဆိုစေကာမူ ကစားသမားဟာ ဘရာဇီးအသင်းအတွက် တန်ဖိုးမဖြတ်နိုင်သော ပိုင်ဆိုင်မှုတစ်ခုဖြစ်ကြောင်း နည်းပြက အလေးပေးပြောကြားခဲ့ပြီး "နေမာဟာ သာမန်ထက်သာလွန်နေကာ လူတိုင်းသိကြပြီး အရေးကြီးသောကစားသမားဖြစ်လာတာကတော့ သဘာဝကျပါတယ်" လို့ ပြောထားပါတယ်။
နေမာရဲ့ နောက်ဆုံးပွဲက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁၇ ရက်က မွန်တီဗီဒီယိုတွင် ဥရုဂွေးနှင့်ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်ပြီး ဒူးဒဏ်ရာ ရရှိသွားခဲ့ခြင်းဖြစ်ပါတယ်။ သူ့ရဲ့ ဒူးအရွတ်တွေ ပေါက်ပြဲသွားတာကြောင့် အဲဒီကတည်းက လေ့ကျင့်ခန်းမဆင်းနိုင်ဘဲ ဘရာဇီးအတွက် စံချိန်တင်ဂိုးသွင်းသူဟာ ပြင်းထန်စွာ ပြန်လည်ကောင်းမွန်လာဖို့လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။
နေမာဟာ သူ့ရဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေချိန်တွင် ဘရာဇီးအသင်းမှာ ပါကစားဖို့ မျှော်လင့်ချက်ရှိနေသော်လည်း သတိထားနေရဆဲဖြစ်ပါတယ်။ ဆုတ်ယုတ်မှုမှန်သမျှကိုရှောင်ရှားဖို့နှင့် နေမာရဲ့ ပြန်လည်ကစားလာဖို့ချိန်ကို အပြည့်အဝသေချာစေရန်အတွက် အဓိကထားလုပ်ဆောင်နေပါတယ်။
ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ၊ ကြံ့ခိုင်မှုအပြည့်ရှိတဲ့ နေမာရှိခြင်းက ဘရာဇီးအတွက် ခြားနားမှုဖြစ်စေနိုင်ပါတယ်။