ရမ်စ်ဒေးလ်အတွက် အာဆင်နယ် တောင်းဆိုထားတဲ့ ပမာဏကို ပေးချေလိုခြင်းမရှိတဲ့ နယူးကာဆယ်
အာဆင်နယ်က ရမ်စ်ဒေးလ်အတွက် တောင်းဆိုထားတဲ့ ပေါင်သန်း ၃၀ ကို နယူးကာဆယ်က ပေးချေလိုခြင်းမရှိကြောင်း သတင်းတွေရ သိရပါတယ်။
လက်ရှိရာသီတွင် ပခုံးဒဏ်ရာကြောင့် အဓိက ပွဲစဉ်များကို လွဲချော်ခဲ့ရတဲ့ နစ်ခ်ပုပ်အတွက် ပြိုင်ဆိုင်မှုရှိစေဖို့အတွက် အက်ဒီဟောင်းဟာ ဂိုးသမားသစ်တစ်ဦး ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။ ဘရန့်ဖို့ဒ်မှ ဂိုးသမား ဒေးဗစ်ရာယာကို အငှားဖြင့် ခေါ်ယူခဲ့ပြီး ပထမဦးစားပေးဂိုးအဖြစ် သတ်မှတ်ခဲ့ပြီးနောက် လက်ရှိရာသီမှာ ရမ်စ်ဒေးလ်ဟာ ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားထားရတာဖြစ်ပါတယ်။
ဒီနွေရာသီမှာ အာဆင်နယ်ဟာ ရာယာကို ပေါင် ၂၇ သန်းဖြင့် အပြီးသတ်ခေါ်ယူဖို့အတွက် ရွေးချယ်ထားတာဖြစ်တာကြောင့် ပုံမှန်ပွဲထွက်ခွင့်ရရှိဖို့ ရမ်စ်ဒေးလ်ဟာ အမ်းမရိတ်စ်ကနေ ထွက်ခွာရဖွယ်ရှိနေပါတယ်။ MailOnline ရဲ့ဖော်ပြချက်အရ နယူးကာဆယ်ဟာ သူ့ကိုခေါ်ယူလိုနေသော်လည်း အာဆင်နယ်သတ်မှတ်ထားတဲ့ ပေါင်သန်း ၃၀ ဆိုတာက အရမ်းကိုများလွန်းနေတာဖြစ်ပါတယ်။
နယူးကာဆယ်ဟာ နောက်ထပ်ဂိုးသမား တစ်ဦးအဖြစ် ဘန်လေက ဂျိမ်းစ်ထရက်ဖို့ဒ်ကို သတ်မှတ်ထားပြီး သူ့ကိုတော့ ပေါင်သန်း ၂၀ လောက်ဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။ ရမ်စ်ဒေးလ်လို ဗလန်စီယာဂိုးသမား မန်မာဒက်ချ်ဗီလီကလည်း နယူးကာဆယ်ရဲ့ရေဒါထဲမှာရှိနေသလို ဈေးပိုများနိုင်တာဖြစ်ပါတယ်။
ချဲလ်ဆီးကလည်း ထရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသော်လည်း ဒီနွေရာသီမှာ ကီပါကိုရောင်းချရဦးမှာဖြစ်ပါတယ်။ ရမ်စ်ဒေးလ်အနေနဲ့ ဂန်းနားတွေထံကနေ ထွက်ခွာသင့်တယ်လို့ အာဆင်နယ်ဂိုးသမားဟောင်း ဒေးဗစ်ဆီးမန်းကို ယုံကြည်နေပါတယ်။
"နံပါတ် ၂ အဖြစ်နဲ့တော့ မတိုးတက်နိုင်ပါဘူး။ အခြားဂိုးသမားတစ်ဦးက စတင်ကစားနေပြီဆိုရင် ပွဲထွက်ခွင့်ရရှိဖို့ ထွက်ခွာသင့်ပါတယ်" "အာဆင်နယ်ပရိသတ်တစ်ဦးအနေနဲ့ သူထွက်ခွာတာကိုတော့ မလိုချင်ပါဘူး။ ဒါပေမဲ့ အင်္ဂလန်ဂိုးသမားဟောင်း တစ်ဦးအနေနဲ့တော့ နောက်ထပ်ဂိုးသမားတစ်ဦး တိုးတက်လာတာကို မြင်ချင်ပါတယ်" "သူ့အနေနဲ့ ပထမအသင်းပွဲထွက်မှုမျိုး ပိုရနိုင်တဲ့ ချဲလ်ဆီးလိုအသင်းမျိုးထံ ပြောင်းသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ သူနဲ့သင့်လျော်မယ့်ကလပ်က အနည်းငယ်သာရှိနေပြီး အဲ့ဒီထဲမှာ ဝက်စ်ဟမ်းလည်း ပါပါတယ်" လို့ သူက Seaman Says podcast တွင် ပြောကြားထားပါတယ်။