
တော့တင်ဟမ်ဥက္ကဌကို ဦးတည်လက်စားချေလိုက်တဲ့ မော်ရင်ဟို
ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် ဖီနာဘာချီနည်းပြ မော်ရင်ဟိုက တော့တင်ဟမ်ဥက္ကဌ လီဗိုင်းကို ဦးတည်လက်စားချေလိုက်ပါတယ်။ မော်ရင်ဟိုဟာ သူ့အတွေးကိုတွေကို ပြောကြားဖို့အတွက် ဘယ်တုန်းကမှ ရှက်လေ့မရှိတာဖြစ်ပါတယ်။ ဖိုင်နယ်မှာ အသင်းဟောင်း ၂ သင်းထိပ်တိုက်တွေ့ခဲ့တာဖြစ်ပြီး တော့တင်ဟမ်က ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
တော့တင်ဟမ်ကို မော်ရင်ဟိုကိုင်တွယ်တုန်းက ဆုဖလားမရခဲ့ပဲ မန်စီးတီးနဲ့ကာရာဘောင်ဖလားဖိုင်နယ်မတိုင်ခင် ရက်ပိုင်းအလိုမှာတင် လီဗိုင်းက သူ့ကိုထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ မော်ရင်ဟိုက ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပြီးနောက် လီဗိုင်းကို ဦးတည်ဝေဖန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
“ထိရောက်မှုက ယေဘုယျပါ။ တော့တင်ဟမ်က ချန်ပီယံလိဂ်ကန်ရပါမယ်။ မှန်ပါတယ်။ လီဗိုင်းအတွက်တော့ ချန်ပီယံလိဂ်က မီလီယံပေါင်းများစွားပေးစွမ်းနိုင်သလို သတင်းကောင်းပါ။ ပရိသတ်တွေ ၊ ကစားသမားတွေ ၊ အန်ဂီအတွက်တော့ အဲ့တာက ဆုဖလားပါ”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။ ယူရိုပါလိဂ်ရခဲ့ပေမယ့်လည်း ပိုစတီကိုဂလူရဲ့အနာဂတ်က မသေချာသေးတာဖြစ်ပြီး သူကိုယ်တိုင်ကတော့ လန်ဒန်မြေမှာပဲ ဆက်နေချင်နေတာဖြစ်ပါတယ်။