The network connection is lost.

Banner Image

မန်စီးတီးကို စိန်ခေါ်နိုင်မယ့် ပြိုင်ဘက်မျိုး မမြင်တွေ့ရသေးဘူးလို့ ဆိုလိုက်တဲ့ မော်ရင်ဟို

လတ်တလောကာလတွေမှာ ပရီးမီးယားလိဂ် ချန်ပီယံမန်စီးတီးကို ယှဉ်ပြိုင်စိန်ခေါ်နိုင်မယ့် ပြိုင်ဘက်မျိုး မရှိသေးလို့ ပက်ဂွါဒီယိုလာရဲ့အသင်းက သူတို့ရဲ့ပြိုင်ဘက်အချို့အပေါ် သက်သောင့်သက်သာ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။ ဒါကတော့ ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟိုရဲ့သဘောထားအမြင်တွေပဲ ဖြစ်ပါတယ်။

အခုသီတင်းပတ်အတွင်း ဖီနာဘာချီနည်းပြသစ် တာဝန်ရယူခဲ့တဲ့ ပေါ်တူဂီလူမျိုး နည်းပြက သူကိုင်တွယ်ဖူးခဲ့တဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့ အဲ့ဒီအသင်းတွေရဲ့လိဂ်ချန်ပီယံဆုအောင်နိုင်ရေး လမ်းကြောင်းတွေအပေါ် သုံးသပ်ဆွေးနွေးခဲ့တာပါ။

မော်ရင်ဟိုက “ပိုချက်တီနို ချဲလ်ဆီးမှ ထွက်ခွာသွားရတဲ့အကြောင်းရင်းကို ကျွန်တော် လုံးဝမသိပါဘူး။ မန်ချက်စတာယူနိုက်တက်ကတော့ အနည်းငယ်တိုးတက်လာပေမယ့် ကျန်တဲ့အပိုင်းတွေမှာတော့ အတူတူပါပဲ။ တော့တင်ဟမ်က ထိပ်ဆုံးလေးသင်း စာရင်းဝင်ဖို့ အမြဲတမ်းတိုက်ပွဲဝင်နေပါတယ်။ အဆင့် လေး၊ ငါး၊ ခြောက်အတွင်း တဝဲလည်လည်ဖြစ်နေတဲ့ အသင်းအတွက် ထိပ်ဆုံးလေးသင်း စာရင်းဝင်မှုက အံ့သြစရာဖြစ်နေပါလိမ့်မယ်။ လာမယ့်ရာသီမှာလည်း ယူရိုပါလိဂ် ကစားရပါမယ်။ ဒါပေါ့၊ သူတို့တွေ ဒီဆုဖလားကို ရရှိသွားနိုင်ပါတယ်။ သူတို့မှာ တည်ငြိမ်မှုရှိနေပုံရပါတယ်။ သူတို့တွေ ပိုပြီးတော့လည်း ရင်းနှီးမြှုပ်နှံနေပါတယ်။ လှပတဲ့ ဘောလုံးကွင်းတစ်ခုအပါအဝင် အံ့အားသင့်လောက်စရာ အခြေခံအဆောက်အအုံတွေရှိနေတဲ့ အံ့အားသင့်စရာကလပ်အသင်းတစ်ခုပါ။ ခင်ဗျားတို့လည်း ဒါကို ခံစားမိနိုင်ပါတယ်။ ချဲလ်ဆီးအကြောင်းကတော့ ကျွန်တော် လုံးဝကို မသိတာပါ”လို့ ပြောပါတယ်။