အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ဂျွန်စတုန်း ဒဏ်ရာဟောင်းပြန်ရခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဂွါဒီယိုလာ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက နောက်ခံလူ ဂျွန်စတုန်းဟာ အက်စတွန်ဗီလာကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာဟောင်းပြန်ရခဲ့ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
ဂျွန်စတုန်းဟာ မနေ့ည အက်စတွန်ဗီလာနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားအဖြစ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်ရာသီအတွင်း ဒဏ်ရာပြဿနာများစွာနဲ့ ကြုံခဲ့ရတဲ့ ဂျွန်စတုန်းဟာ မနေ့ညပွဲစဉ်မှာ ဒီဇင်ဘာလအတွင်း ပထမဆုံးပွဲထွက်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဂျွန်စတုန်းဟာ ပထမပိုင်းအပြီးမှာပဲ ကိုင်လီဝေါ်လ်ကာနဲ့ လူစားခံခဲ့ရပါတယ်။
ပွဲအပြီးမှာ ဂွါဒီယိုလာက "ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံးစတင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ကစားအားကျသွားပါတယ်။ ဂျွန်စတုန်း ဆက်မကစားနိုင်ခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ pressingကစားပုံကို ပြောင်းလဲပစ်ခဲ့ရပါတယ်။ အက်စတွန်ဗီလာကို ဂုဏ်ပြုရမှာဖြစ်ပြီး ဒီအတိုင်းဆက်ကစားသွားဖို့ ပြောချင်ပါတယ်။
Mid-blockတွေမှာ သူတို့ အရမ်းကိုအားကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေရခဲ့ပြီး ယူနိုက်တက်နဲ့ပွဲကထက် အခွင့်အရေးတွေရခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကစားအားကျသွားပြီး pressingကလည်း ကောင်းမွန်ခြင်းမရှိတော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အတော်လေး ရုန်းကန်ခဲ့ရပြီး သူတို့ကို တားဆီးနိုင်ခြင်းမရှိတော့ပါဘူး။ ပွဲပြီးခါနီး ဂိုးရခဲ့ပေမယ့် အရမ်းနောက်ကျသွားပါပြီ။"လို့ ပြောခဲ့ပါတယ်။