The network connection is lost.

Banner Image

မစ်ဒယ်ဘရော့မှ ထုတ်ပယ်ခံလိုက်ရတဲ့ ကာရစ်

အင်္ဂလန်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကိုကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်‌ဟောင်း မိုက်ကယ်ကာရစ်ဟာ အသင်းကို ပရီးမီးယားလိဂ်သို့တန်းတက်အောင်စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိလို့ ယခုအခါမှာတော့ နည်းပြရာထူးကနေထုတ်ပယ်ခံလိုက်ရပြီဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်းဟာ မစ်ဒယ်ဘရော့ကို ၂၀၂၂ ခုနှစ်မှာစတင်ကိုင်တွယ်ခဲ့ပြီး ပွဲဦးထွက်ရာသီမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာရပ်တည်စေခဲ့ကာ ပရီးမီးယားလိဂ်သို့တန်းတက်နိုင်တဲ့အခွင့်အရေးအဖြစ် ပလေးအော့စ်ကစားခွင့်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။သို့သော်လည်း ကာရစ်ဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာတော့ အသင်းကို အဆင့် ၈ နဲ့ အဆင့် ၁၀ နေရာတွေမှာသာ ရပ်တည်စေခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။ 

မစ်ဒယ်ဘရော့က "မစ်ဒယ်ဘရော့ဘောလုံးအသင်းဟာ နည်းပြချုပ်မိုက်ကယ်ကာရစ်နဲ့ အပြီးအပိုင်လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။ မိုက်ကယ်ကာရစ်နဲ့အတူ လက်ထောက်နည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ဂျိုနသန်ဝုဒ်ဂိတ်နဲ့ ဂရေမီကာရစ်တို့ကလည်း အသင်းကနေနုတ်ထွက်သွားခဲ့ပါတယ်" လို့ကြေညာထားပါတယ်။ 

ကာရစ်ဟာ ကစားသမားဘဝမှာ ပွဲပေါင်း ၇၀၀ ကျော်အထိကစားခဲ့သူဖြစ်ပြီး ယူနိုက်တက်နဲ့အတူ ဆာအဲလက်စ်ဖာဂူဆန်ရဲ့လက်အောက်မှာ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်နဲ့ ချန်ပီယံလိဂ် ၁ ကြိမ်ရရှိခဲ့ပါတယ်။ ကာရစ်ဟာ နည်းပြဘဝ ပထမဆုံးခြေလှမ်းကို ယူနိုက်တက်မှာစတင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ အိုးလ်ထရက်ဖို့ဒ်မှ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ အိုလီဂန်နာဆိုးလ်ရှားရဲ့နေရာကို ခေတ္တတာဝန်ယူခဲ့ပါတယ်။ ထို့နောက်မှာတော့ သူဟာ မစ်ဒယ်ဘရော့သို့ နည်းပြချုပ်ရာထူးနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။