The network connection is lost.

Banner Image

အင်တာမိုင်ယာမီမှာ ၂၀၂၈ အထိ ဆက်ရှိနေတော့မယ့် အာဂျင်တိုင်းသား

သတင်းတွေအရ မက်ဆီတစ်ယောက် အင်တာမိုင်ယာမီနဲ့ ၃ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပြီး ၂၀၂၈ အထိ ဆက်ရှိနေတော့မယ်လို့ သိရပါတယ်။ အာဂျင်တိုင်းသားက ဖလော်ရီဒါမြေကဘဝကို နှစ်သက်နေသလို သူ့မိသားစုကလည်း မိုင်ယာမီမှာနေရတာ နှစ်သက်နေပါတယ်။ အဲ့နောက် အင်တာဗျူးမှာ မက်ဆီက သူ့အနေနဲ့ မေဂျာလိဂ်မှာဆက်နေဖို့ ဆုံးဖြတ်ခဲ့ရတာ လွယ်ကူခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“အရိုးသားဆုံးပြောရရင် ဒီနှစ်အတွင်းမှာ ကျွန်တော်တကယ့်ကိုခံစားချက်ကောင်းလာပါတယ်။ကျွန်တော် မိုင်ယာမီမှာ နေရတာပျော်ပါတယ်။ မိသားစုကော အတူတူပါပဲ။ အရိုးသားဆုံးပြောရရင် ဆုံးဖြတ်ချက်ချရတာက လွယ်ကူပါတယ်။ တစ်နေ့ချင်း ကျွန်တော်အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ အပေါ်မှာပြောခဲ့သလိုပါပဲ အရိုးသားဆုံးပြောရရင် ကျွန်တော့်ကိုယ်ကျွန်တော် ကြိုးစားနေပါတယ်။ ကျွန်တော် ခံစားချက်ကောင်းလာရင် အဲ့တာကိုနှစ်သက်လာပါတယ်။ ဒါပေမယ့် ကျွန်တော် ခံစားချက်မကောင်းရင် အဆင်မပြေပါဘူး။

ကမ္ဘာ့ဖလားအတွက်က ဆက်လက်စောင့်ကြည့်ရပါမယ်။ ပြီးတော့ အဲ့တာက ကျွန်တော်ဆုံးဖြတ်ချက်ချလို့မရတဲ့အရာပါ။ တစ်ပွဲချင်း နဲ့ ရာသီပြီးဆုံးအောင်ကစားရပါမယ်။ အဲ့နောက် ရာသီကြိုခရီးစဉ်လုပ်ဆောင်ရမှာဖြစ်ပြီး ဘယ်လိုခံစားရမလဲအပေါ်မူတည်ကာ ဆုံးဖြတ်ချက်ချပါမယ်။  ကျွန်တော်အမြဲတမ်းပြောခဲ့သလို တစ်နေ့ချင်း ကျွန်တော်ဘယ်လိုခံစားရလဲအပေါ်မူတည်ပြီး ဆုံးဖြတ်ချက်ချတာပါ။ ကျွန်တော် ဒီအသင်းအတွက် ဘယ်လိုပါဝင်ကစားပေးနိုင်မလဲဆိုတဲ့အပေါ်လည်း မူတည်ပါတယ်”လို့ မက်ဆီက ဖြေကြားခဲ့ပါတယ်။

မက်ဆီရောက်လာပြီးကတည်းက အင်တာမိုင်ယာမီရဲ့တန်ကြေးက မြင့်တက်လာခဲ့ပြီး ၂၀၂၅ မှာ မေဂျာလိဂ်လာရောက်ကြည့်ရှုမှုနှုန်းက ၁၁.၂ သန်းအထိရှိလာခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီရဲ့အင်တာမိုင်ယာမီလာကစားချိန်မှာ ပြိုင်ဘက်ပရိသတ်တွေလာရောက်ကြည့်ရှုမှုနှုန်းက ၁၄၀၀၀ အထိပိုများလာခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့အင်စတာဂရမ် Follower ကလည်း ၁ သန်းကနေ ၁၇.၉ သန်းအထိ တိုးလာခဲ့ပါတယ်။ မက်ဆီရဲ့အကျီရောင်းချရမှုကလည်း မေဂျာလိဂ်မှာ နံပတ် ၁ အဖြစ် ၃ ရာသီဆက်ရပ်တည်နိုင်ခဲ့ပါတယ်။

မက်ဆီဟာ လိဂ် ၅၃ ပွဲမှာ ၅၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး ၃၅ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ၂၀၂၄ မှာ မေဂျာလိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကိုရရှိခဲ့ပြီး အခုရာသီမှာလည်း ၂ ကြိမ်ဆက်ရရှိဖို့ တစ်ပြေးနေပါတယ်။