The network connection is lost.

Banner Image

တန်ဟက်က ထောက်ခံပေမယ့် ယူနိုက်တက်ကင်းထောက်တွေက သဘောမကျဖြစ်ခဲ့တဲ့ လီဗာပူးစတား

ယူနိုက်တက်နည်းပြဟောင်း တန်ဟက်က တောင်ပံနေရာအတွက် ဂတ်ပိုကိုခေါ်ယူဖို့ ထောက်ခံခဲ့ပေမယ့် ကင်းထောက်တွေက မခေါ်ယူခဲ့တဲ့အပေါ် ယူနိုက်တက်နည်းပြအဖွဲ့ဝင်ဟောင်း မက္ကာသီက ဝေဖန်ခဲ့ပါတယ်။

လီဗာပူးကိုမပြောင်းခင် တန်ဟက်ဟာ ဂတ်ပိုကို ယူနိုက်တက်အသင်းထံခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။ အဲ့နောက် နယ်သာလန်သားကို လီဗာပူးအသင်းက ခေါ်ယူခဲ့ပြီး ယူနိုက်တက်ကတော့ ဆက်လက်ရုန်းကန်ခဲ့ရကာ လီဗာပူးအသင်းက ချန်ပီယံဖြစ်ခဲ့ပါတယ်။ မက္ကာသီက ဂတ်ပိုကိုမခေါ်ယူနိုင်ခဲ့တဲ့အပေါ် ဝေဖန်ခဲ့ပြီး တန်ဟက်က ထောက်ခံခဲ့ပေမယ့် ယူနိုက်တက်ကင်းထောက်တွေက မထောက်ခံခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။ ကြီးမားတဲ့အပြောင်းအရွှေ့တွေလုပ်ဆောင်ခဲ့ပေမယ့်လည်း အသင်းအတွက်အကျိုးမပြုနိုင်တဲ့အပေါ် မက္ကာသီက ယူနိုက်တက်ရဲ့အပြောင်းအရွှေ့ပေါ်လစီကိုလည်း ဝေဖန်ခဲ့ပါတယ်။

“ဂတ်ပိုက ကျွန်တော်တို့အလိုချင်ခဲ့ဆုံးကစားသမားပါ။ အဲ့တာကို လွဲချော်ခဲ့ပါတယ်။ သူ့ကိုခေါ်ယူဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးခဲ့သလို အသင်းအတွက်လည်း အံဝင်နိုင်မယ့်သူအဖြစ် ဆုံးဖြတ်ခဲ့ပါတယ်။ တိုက်စစ်မှာ မားကပ်စ်နဲ့တွဲဖက်ကစားနိုင်မယ်ဆိုတာကို ကျွန်တော်တို့ သိခဲ့ပါတယ်။ သူ့ကိုခေါ်ယူနိုင်ဖို့လည်း တော်တော်လေးနီးစပ်ခဲ့ပါတယ်။ အေးဂျင့်က တန်ဟက်နဲ့သိပါတယ်။ ကျွန်တော်တို့ ဆွေးနွေးမှုတွေကောင်းကောင်းအလုပ်ဖြစ်ခဲ့သလို နည်းပြက ကင်းထောက်တွေကို သူ့အချက်အလက်တွေပေးပို့ခဲ့ပါတယ်။

တန်ဟက်က သူ့ကိုဘာကြောင့်ခေါ်ယူချင်တာလဲဆိုရင် ဘယ်တောင်ပံမှာကော false nine ပါကစားနိုင်တာကြောင့်ပါ။ သူနဲ့ရက်ရှ်ဖို့ဒ်တွဲလိုက်မယ်ဆိုရင် အသင်းအတွက်အကျိုးရှိနိုင်သလို ဂါနာချိုလည်းရှိနေပါတယ်။ အဲ့တာက ပြီးပြည့်စုံတဲ့အခြေအနေဖြစ်လာမှာပါ”လို့ မက္ကာသီက ရှင်းပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိမှာလာမယ့်ရာသီသစ်အတွက် ပြင်ဆင်နေပြီး ကန်ဟာကိုခေါ်ယူနိုင်ခဲ့ပြီဖြစ်ကာ ဘရန့်ဖို့ဒ်စတား အမ်ဘွီမိုကိလည်း ချိတ်ဆက်နေပါတယ်။