ခြေစမ်းပွဲမှာ မျက်နှာဖုံးတပ်ကစားပြီး သွင်းဂိုးရယူနိုင်ခဲ့တဲ့ အမ်ဘာပေ
ပြင်သစ်အသင်းခေါင်းဆောင် ကီလီယန်အမ်ဘာပေဟာ မနေ့က ပါဒါဘွန်းနဲ့ပွဲစဉ်မှာ ပြင်သစ်ယူ၂၁အသင်းအတွက် ပါဝင်ကစားပြီး သွင်းဂိုးနဂိုးရယူနိုင်ခဲ့ပါတယ်။
အမ်ဘာပေဟာ နယ်သာလန်နဲ့ ဂိုးမရှိသရေကျတဲ့ ပွဲစဉ်မှာ အရန်ခုံတန်းမှာသာ ရှိနေခဲ့ပါတယ်။ အမ်ဘာပေဟာ ဩစတြီးယားနဲ့ပွဲမှာ ဒန်ဆိုနဲ့ထိခိုက်မိပြီး ဒဏ်ရာရခဲ့တာပါ။
မိနစ်၃၀ နှစ်ပိုင်းကျင်းပတဲ့ ပွဲစဉ်အတွင်း ပြင်သစ်သားဟာ ပါဒါဘွန်းအကယ်ဒမီကစားသမားတွေနဲ့ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်အတွင်း မျက်နှာဖုံးတပ်ကစားခဲ့ကာ နှစ်ဂိုးသွင်းယူပြီး နှစ်ဂိုးဖန်တီးပေးခဲ့ပါတယ်။
၂၅နှစ်သားဟာ နယ်သာလန်နဲ့ပွဲမတိုင်ခင် လေ့ကျင့်ခန်း အစီအစဉ်မှာ မျက်နှာဖုံးတပ်ထားတာမြင်ခဲ့ပေမယ့် ယခုအချိန်မှာတော့ ပွဲအတွင်း ပထမဆုံး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ နှစ်ပွဲကစား ၄မှတ်ရထားတဲ့ ပြင်သစ်အသင်းဟာ အုပ်စုတက်ဖို့ အလွန်နီးစပ်နေပြီး အုပ်စုအပိတ်ပွဲစဉ်အဖြစ် ပိုလန်နဲ့ကစားရမှာ ဖြစ်ပါတယ်။