The network connection is lost.

Banner Image

မော်ရိုကို အသင်းကို အရေးမနိမ့်ခင် အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်တဲ့နေရာမှာ ပစ္စည်းတွေဖောက်ထွင်းခံရကြောင်း မာရှေယာနို အခိုင်အမာဆို

အာဂျင်တီးနားအသင်းဟာ အိုလံပစ်ပြိုင်ပွဲအတွက် ပဲရစ်မှာ လေ့ကျင့်ခန်းဆင်းနေတာဖြစ်ပြီး ဖောက်ထွင်းခံရမှုတွေရှိတယ်လို့ နည်းပြ မာရှေယာနိုက ပြောကြားလိုက်ပါတယ်။

အဆိုပါဖောက်ထွင်းခံရမှုမှာ သီယာဂိုအယ်လ်မာဒါရဲ့နာရီလည်း ပါဝင်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါအခြေအနေတွေကို အာဂျင်တီးနားအသင်းက လိုင်ယွန်မှာရှိတဲ့ ရဲစခန်းထံ အကြောင်းကြားထားတယ်လို့ သိရပါတယ်။

မာရှေယာနိုက အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး “ကျွန်တော်တို့ လေ့ကျင့်ခန်းဆင်းဖို့သွားချိန်မှာ ဖောက်ထွင်းခဲ့ရတာပါ။ လေ့ကျင့်ခန်းဆင်းအပြီးမှာ ကျွန်တော်တို့ ဘာမှမပြောချင်ပါဘူး။ အဲ့တာက အကူအညီဖြစ်စေတယ်လို့ ကျွန်တော်မထင်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီလိုအရာတွေဖြစ်ပျက်တာကို လက်ခံတာတော့ ပြောရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားအသင်းဟာ အိုလံပစ်ပြိုင်ပွဲအဖြစ် မော်ရိုကိုနဲ့ပွဲမှာ မီဒီနာတစ်ယောက် အချိန်ပို ၁၆ မိနစ်မှာ ချေပဂိုးသွင်းခဲ့တာကို မကျေနပ်တဲ့မော်ရိုကိုပရိသတ်တွေ ကွင်းထဲသောင်းကျန်းခဲ့တာကြောင့် ၇၅ မိနစ်နားလောက်အထိ ရပ်နားခဲ့ရပါတယ်။ အဲ့နောက် ပွဲပြန်စချိန်မှာ အဆိုပါသွင်းဂိုးကို VAR က လူကျွံဂိုးအဖြစ် သတ်မှတ်ပြီး ပယ်ဖျက်ခဲ့ကာ မော်ရိုကိုက လက်ကျန် ၃ မိနစ်ကို ဆက်လက်ဦးဆောင်ကာ အနိုင်ယူနိုင်ခဲ့ပါတယ်။

မာရှေယာနိုကတော့ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်က ဖီဖာထံတိုင်ကြားထားတယ်လို့ ဆိုပါတယ်။ ပွဲဦးထွက်မှာ  ပြဿနာတွေနဲ့ စတင်ခဲ့ရပေမယ့် အာဂျင်တီးနားအသင်းဟာ ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ဖို့ ဇူလိုင်လ ၂၇ ရက်နေ့မှာကန်မယ့် အီရတ်အသင်းနဲ့ပွဲကို အာရုံစိုက်ဖို့ လိုအပ်နေပါတယ်။