The network connection is lost.

Banner Image

ဂျာအိုဖီးလစ် ပင်နယ်တီလွဲခဲ့ခြင်းဟာ ကံဆိုးခြင်းသာဖြစ်တယ်လို့ ဆိုလာတဲ့ မာတီနက်ဇ်

ပေါ်တူဂီနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပြင်သစ်နဲ့ပွဲစဉ်မှာ ဂျာအိုဖီးလစ် ပင်နယ်တီလွဲခဲ့ခြင်းအတွက် အပြစ်တင်စရာမရှိဘဲ ကံဆိုးခဲ့ခြင်းသာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဖီးလစ်ဟာ မနေ့ညက ပင်နယ်တီအဆုံးအဖြတ်အတွင်း လွဲချော်ခဲ့တာကြောင့် ပြင်သစ်အသင်းက ၅-၃ဂိုးနဲ့အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်သွားနိုင်ခဲ့ပါတယ်။

မာတီနက်ဇ်က "တစ်သင်းလုံးက အချင်းချင်း ကူညီရိုင်းပင်းကြတယ်ဆိုတာ ပြောနိုင်ပြီး ပင်နယ်တီဆိုတာ လွဲတတ်တာမျိုး ဖြစ်ပါတယ်။ ဖီးလစ်က ပွဲအတွင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ပင်နယ်တီထိရောက်ဖို့ ကြိုးစားကစားခဲ့ပါတယ်။ ပင်နယ်တီလွဲခဲ့တာကတော့ ကံဆိုးတာပါပဲ"လို့ ပြောခဲ့ပါတယ်။

ပွဲအပြီးမှာ အသက်၄၀အရွယ် ပီပီတစ်ယောက် ငိုကြွေးနေခဲ့ပြီး ၃၉နှစ်သား ရော်နယ်ဒိုက ဖျောင်းဖြခဲ့ရပါတယ်။
ဆက်လက်ပြီး မာတီနက်ဇ်က "ပီပီက ပွဲအတွင်းမှာရော လေ့ကျင်ရေးကွင်းမှာပါ အကောင်းဆုံး စွမ်းဆောင်ပြနိုင်ခဲ့ပြီး အသင်းဖော်တွေကိုလည်း အားပေးခဲ့ပါတယ်။ သူ ငိုတာက ဝမ်းနည်းလို့မဟုတ်ဘဲ ပိုကောင်းတဲ့ပြိင်ဘက်ကို ရှုံးခဲ့လို့ စိတ်ပျက်ပြီးကျတဲ့ မျက်ရည်ပါ။ ဒီလိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ကစားခဲ့တာတောင် ခုလိုရှုံးရလို့ အားမရဘဲ မျက်ရည်ကျခဲ့တာပါ။ ဒါပေမယ့် တခြားတစ်ဖက်မှာ ပီပီက ပေါ်တူဂီရဲ့ စံပြပုဂ္ဂိုလ်ဖြစ်ပြီး သူလုပ်ပြခဲ့တာတွေက မျိုးဆက်သစ်တွေအတွက် သမိုင်းမှတ်တိုင်ဖြစ်နေမှာပါ"လို့ ပြောခဲ့ပါတယ်။