ခရစ္စတယ်ပဲလေ့စ်နဲ့ဆေးစစ်မှုခံယူတော့မယ့် မာဆေးလ်စတား အစ္စမေးလ်ဆား
မာဆေးလ်အသင်းတောင်ပံကစားသမား အစ္စမေးလ်ဆားတစ်ယောက် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ဆေးစစ်မှုခံယူတော့မယ်လို့ သိရပါတယ်။
ပဲလေ့စ်ဟာ ဆားကိုပေါင် ၁၂ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ်ကနေ ထွက်ခွာပြီး ၁ နှစ်အကြာမှာပဲ အင်္ဂလိပ်ဘောလုံးလောကဆီကို ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဆားဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဝက်ဖို့ဒ်အသင်းထံကနေ မာဆေးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းမပြောင်းခင် ၁၃၁ ပွဲ ပါဝင်ကစားခဲ့ကာ ၅၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ပဲလေ့စ်အသင်းအားကစားဒါရိုက်တာ ဖရက်ဒ်မန်းကတော့ ဆားကို စောင့်ကြည့်နေတာကြာမြင့်နေပြီဖြစ်ကာ မာဆေးလ်အသင်းမခေါ်ယူခင်တုန်းက ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့သေးတယ်လို့ ပြောကြားခဲ့ပါတယ်။ ဆီနီဂေါအသင်းအတွက်တော့ ဆားဟာ ၁၃ ဂိုးသွင်း ၊ ၆ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။