The network connection is lost.

Banner Image

ဆာလက်နဲ့ထိပ်တိုက်တွေ့ဆုံရမယ့်အပေါ် သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောကြားလာတဲ့ မာမွတ်ရှ်

မန်ချက်စတာစီးတီးတိုက်စစ်မှူး အိုမာ မာမွတ်ရှ်က သူဟာ လာမယ့်တနင်္ဂနွေနေ့ လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်မှာ အီဂျစ်လက်ရွေးစင်အသင်း‌ဖော် မိုဟာမက်ဆာလက်နဲ့ ထိပ်တိုက်တွေ့ဆုံသွားရမယ့်အပေါ် ခံစားချက်ကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။  မာမွတ်ရှ်က သူ့အနေနဲ့ တစ်နိုင်ငံတည်းသား ဆာလက်နဲ့ထိပ်တိုက်တွေ့ဆုံရာမှာ ပရော်ဖက်ရှင်နယ်ပီပီ ပြိုင်ဘက်တွေအနေနဲ့ပဲ ရင်ဆိုင်သွားမှာဖြစ်ကြောင်းနဲ့ လက်ရွေးစင်အီဂျစ်အသင်းမှာအတူတူရှိချိန်တွေမှာတော့ ပရီးမီးယားလိဂ်နဲ့ပတ်သက်ပြီး စကားပြောဖြစ်ခြင်းမရှိကြောင်း ‌ပြောကြားခဲ့တာဖြစ်ပါတယ်။ 

မာမွတ်ရှ်က "ဆာလက်နဲ့ယှဉ်ပြိုင်ရတာ ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ်ရှိပါတယ်။ အီဂျစ်နိုင်ငံသား ၂ ဦးက ပရီးမီးယားလိဂ်ဆုဖလားရရှိဖို့ ပြိုင်ဆိုင်နေကြတယ်ဆိုတာ အံ့ဩစရာပါပဲ။ ဒါပေမယ့် ရာသီကုန်မှာတော့ ကျွန်တော်တို့မန်စီးတီးပဲချန်ပီယံဖြစ်မယ်လို့ မျှော်လင့်ပါတယ်"လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး အသက်-၂၅ နှစ်အရွယ်ကစားသမားက သူတို့နှစ်ယောက်ဟာ အီဂျစ်အသင်းအတွက် တာဝန်ထမ်းဆောင်ချိန်မှာ တွေ့ဆုံကြပေမယ့် ဘောလုံးနဲ့ပတ်သက်ပြီး စကားပြောကြခြင်းမရှိကြောင်း ထပ်‌လောင်း ပြောကြားခဲ့ပါတယ်။ 

"ကမ္ဘာ့အကြီးဆုံးကလပ်အသင်းကြီး ၂ ခုမှာ အီဂျစ်လူမျိုးတွေ ကစားခွင့်ရထားလို့ ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ၂ ယောက် ထိပ်တိုက်တွေ့တာကိုလည်း အီဂျစ်ကပရိသတ်တွေအနေနဲ့ စိတ်လှုပ်ရှားပျော်ရွှင်ကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။