The network connection is lost.

Banner Image

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားကို လက်ခံဖို့ ချဲလ်ဆီးကစားသမားတွေကို မာရက်စ်ကာ တိုက်တွန်း

ချယ်လ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာက ကစားသမားတွေကို နောက်ဆုံးကစားရမယ့်ပွဲစဉ်တွေမှာ ဖိအားတွေကို ရင်ဆိုင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ အခွင့်အရေးကို အသုံးချဖို့ တိုက်တွန်းလိုက်ပါတယ်။ မာရက်စ်ကာရဲ့အသင်းဟာ ဘရန့်ဖို့ဒ်နဲ့ အစ်ဆွစ်တို့ကို အနိုင်မရခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် (၆) နေရာအထိ ရောက်ရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ယူရိုပါကွန်ဖရင့်လိဂ်ပွဲစဉ်မှာလည်း ပိုလန်ကလပ် လီဂီယာဝါဆောကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ စုစုပေါင်းရမှတ် ၄-၂ နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်နဲ့ ရင်ဆိုင်ရမယ့်ပွဲက အချိန်ကောင်းမဟုတ်ဘူးလားလို့ မေးမြန်းခဲ့ရာမှာ မာရက်စ်ကာက "မဟုတ်ပါဘူး၊ အခုအချိန်မှာ အချိန်မကောင်းဘူးဆိုတာမရှိပါဘူး။ အခုအချိန်မှာ ပွဲတိုင်းကစားဖို့ အချိန်ကောင်းပါပဲ။ ကျွန်တော်တို့မှာ ပရီးမီးယားလိဂ် (၆) ပွဲနဲ့ ကွန်ဖရင့်လိဂ် ဆီမီးဖိုင်နယ် (၂) ပွဲရှိပါတယ်။ ဒါကြောင့် လက်ရှိမှာ ပွဲစဉ် (၈) ပွဲကစားရမှာဖြစ်ပြီး၊ အားလုံးကစားဖို့ အချိန်ကောင်းတွေပါပဲ။ အားလုံးက အရေးကြီးပါတယ်။ ဘယ်အချိန်မှာကစားရမယ်ဆိုတာ ကျွန်တော်တို့ မဆုံးဖြတ်နိုင်ပါဘူး။ တစ်ခုခုရချင်တယ်ဆိုရင်တော့ အခုအချိန်က သွားရမယ့်အချိန်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

အီတလီသားက အသင်းရဲ့ ဂိုးသွင်းစွမ်းရည်နဲ့ပတ်သက်ပြီး ကိုးလ်ပယ်လ်မာနဲ့ နီကိုလပ်စ်ဂျက်ဆန်တို့ ဂိုးသွင်းယူနိုင်မှုမရှိတာကိုလည်း ထောက်ပြပြောကြားခဲ့ပါတယ်။ ထိပ်ဆုံး (၅) သင်းအတွင်း ဝင်ရောက်နိုင်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှာဖြစ်ပြီး ဒါက ဒီကစားသမားနှစ်ယောက်ရဲ့ ခြေစွမ်းပေါ်မှာမူတည်တယ်လို့ မာရက်စ်ကာက ပြောပါတယ်။ "ကံမကောင်းစွာပဲ နီကိုက နှစ်လလောက်အနားယူခဲ့ရတယ်။ ပြီးတော့ ကစားသမားရဲ့ခွန်အားကလည်း နည်းနည်းပိုလိုအပ်တယ်" လို့ မာရက်စ်ကာက ထပ်လောင်းပြောကြားခဲ့ပါတယ်။