The network connection is lost.

Banner Image

ကွန်းဖရန့်လိဂ်မှာ ဂိုးပြတ်အနိုင်ရပြီးနောက် ချဲလ်ဆီးရဲ့စွမ်းဆောင်ရည်အပေါ် စိတ်လှုပ်ရှားမိတယ်လို့ဆိုလာတဲ့ မာရက်စ်ကာ

ချဲလ်ဆီးနည်း အန်ဇိုမာရက်စ်ကာက သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ်ပွဲစဉ်မှာ ရှမ်ရော့ခ်ရိုဗာကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အလွန်စိတ်လှုပ်ရှားမိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ ချဲလ်ဆီးဟာ လူငယ်တိုက်စစ်မှူးလေး မာ့ခ်ဂွီယူရဲ့ ဟက်ထရစ်အပါအဝင် ဒရူစ်ဘူရီဟော၊ မာ့ခ်ကူကူရယ်လာတို့ရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဂိုးပြတ်နိုင်ပွဲရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ မာရက်စ်ကာက “အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ပထမဆုံးချီးကျူးရမှာကတော့ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ရလဒ်ပါ။ ဒီပွဲမှာလည်း ကျွန်တော်တို့အသင်းက ဘယ်လောက်အထိ စိတ်ဓာတ်ပြင်းထန်ကြောင်းနဲ့ ဘယ်လောက်အထိ ပရော်ဖက်ရှင်နယ်ဆန်ကြောင်းကို ထပ်မံပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်”

“ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့ သက်တောင့်သက်သာကစားပြီး လွယ်လွယ်ကူကူပဲပွဲသိမ်းနိုင်ပေမယ့် ကစားသမားတွေက အတတ်နိုင်ဆုံးကြိုးစားခဲ့ကြပြီး ဘောလုံးအပေါ်မှာ ဘယ်လောက်အထိ စိတ်ဓာတ်ပြင်းထန်ကြောင်းကို ပြသခဲ့ပါတယ်။ ကျွန်တော်တို့ကအားလုံးက ပရော်ဖက်ရှင်နယ်တွေပါ။ ပြီးတော့ ဒီပွဲက လူငယ်ကစားသမားလေးတွေအတွက်လည်း ကောင်းမွန်တဲ့အခွင့်အရေးဖြစ်ခဲ့ပါတယ်။ ကစားသမားတွေအတွက် စိတ်ကျေနပ်မိပါတယ်” 

“အခုချိန်မှာတော့ နောက်တစ်ဆင့်ကို အာရုံစိုက်ဖို့လိုအပ်လာပြီလို့ထင်ပါတယ်။ ဒီပြိုင်ပွဲမှာဗိုလ်စွဲဖို့ ကျွန်တော်တို့နောက်ထပ် ၅ ပွဲ ၆ ပွဲလောက်ကစားသွားရဦးမှာပါ။ ကျွန်တော်တို့ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်ထားပေမယ့် လောလောဆယ်မှာတော့ နောက်တစ်ဆင့်အတွက်ပဲ အဓိကအာရုံစိုက်သွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။