The network connection is lost.

Banner Image

လာမယ့်နွေရာသီမှာ တိုက်စစ်မှူးသစ်ခေါ်ယူမယ်လို့ မာရက်စ်ကာ အတည်ပြု

ချဲလ်ဆီးနည်းပြ မာရက်စ်ကာ လာမယ့်နွေရာသီမှာ လက်ရှိတိုက်စစ်မှူး ဂျက်ဆင်ကို ဖိအားပေးနိုင်ဖို့ တိုက်စစ်မှူးသစ်ခေါ်ယူမယ်လို့ သိရပါတယ်။ချဲလ်ဆီးဟာ ဒီရာသီမာရက်စ်ကာလက်အောက်မှာ အစကောင်းခဲ့ပြီး ပရီးမီးယား လိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်မယ့်အသင်းအဖြစ် အလားအလာရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုတိယရာသီဝက်မှာကျဆင်းခဲ့တဲ့စွမ်းဆောင်ရည်တွေအပြင် ပယ်လ်မာ နဲ့ ဂျက်ဆင်တို့ ဂိုးပေါက်မတွေ့ခဲ့တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ကိုသာ တိုက်ပွဲဝင်ခဲ့ရတဲ့အထိဖြစ်လာခဲ့ပါတယ်။

ချဲလ်ဆီးဟာ ဒီရာသီ ဂျက်ဆင်အပေါ်မှာ အများကြီးမီခိုခဲ့ပေမယ့် ဖေဖော်ဝါရီတုန်းက ဒဏ်ရာရပြီးနောက် ခြေစွမ်းကျဆင်းလာခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ မာရက်စ်ကာ ဂျက်ဆင်ကို ဖိအားပေးနိုင်ဖို့ တိုက်စစ်မှူးသစ်ခေါ်ယူမယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ မီဒီယာကိုပြောကြားရာမှာ မာရက်စ်ကာက  “ကျွန်တော် အခုတော့ မဖြေနိုင်သေးပါဘူး။ ဘာလို့လဲဆိုတော့ အခြားအစိတ်အပိုင်းမသိလို့ပါ။ သေချာတာက ကျွန်တော့်အမြင်အရ ဂျက်ဆင်တစ်ယောက် အများကြီးတိုးတက်လာပါတယ်။ နောက်ထပ်တိုက်စစ်မှူးတစ်ဦးရှိမယ်ဆိုရင် သူပိုကောင်းလာနိုင်မလားဆိုတာ ကျွန်တော်မသိပါဘူး။ ကျွန်တော်တို့ နောက်ထပ်တိုက်စစ်မှူးတစ်ဦးခေါ်ယူမှာပါ”လို့ ဖြေကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဒုတိယရာသီဝက်မှာ ရုန်းကန်ခဲ့ရပေမယ့် ကွန်းဖရန့်လိဂ်ဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး ဘက်တစ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဆိုပါပွဲက ဂျက်ဆင်အတွက် ကြီးမားတဲ့စမ်းသပ်မှုဖြစ်လာဖွယ်ရှိနေပြီး ဆုဖလားလက်မဲ့ရာသီကိုပါ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။