
လီဗာပူးအသင်းထံချန်ပီယံဆုလွှဲပေးခဲ့ရပြီးနောက် အခုနွေရာသီမျာ ငွေသုံးမယ်လို့ ကတိပေးလိုက်တဲ့ အမှုဆောင် မူဘာရက်ခ်
စိတ်ပျက်ဖွယ်ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီးနောက် စီးတီးအသင်းဟာ အခုလာမယ့်နွေရာသီမှာ ငွေသုံးသွားမယ်လို့ အမှုဆောင် မူဘာရက်ခ်က ကတိပေးလိုက်ပါတယ်။ ၂၀၁၆ - ၁၇ နောက်ပိုင်း စီးတီးဟာ ပထမဆုံးဖလားလက်မဲ့ရာသီကိုဖြတ်သန်းခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက လူအင်အားမဖြည့်ခဲ့တာက စီးတီးအတွက် အထိနားခဲ့တာဖြစ်ပြီး ဂန်ဒိုဂန် နဲ့ ဆာဗင်ဟိုတို့ကိုသာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာလည်း မူဘာရက်ခ်က အသင်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီတုန်းက ငွေမသုံးခဲ့တာက အမှားတစ်ခုလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ မူဘာရက်ခ်က မိမိတို့အသင်းဟာ နွေရာသီမှာ ငွေသုံးသွားမှာဖြစ်ပြီး လီဗာပူးထံကနေ ချန်ပီယံသရဖူကို ပြန်လည်ရယူသွားမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့ ပြန်လာမှာပါ။ ပစ်မှတ်က အသင်းပိုကောင်းအောင်တည်ဆောက်ဖို့ပါ။ သမိုင်းကြောင်းဆိုတာက ကြီးမားပါတယ်။ ဒါပေမယ့် အဲ့နောက်မှာ စာမျက်နှာအသစ်ရေးထိုးရမှာပါ။ အနာဂတ်မျာ ကျွန်တော်တို့ ဘာလုပ်နိုင်လဲဆိုတာတွေးရပါမယ်။အနိုင်ရရှိမှုကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာပေါ့?။ ကျွန်တော်တို့ ဇန်နဝါရီကတည်းက လာမယ့်ရာသီအတွက် ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီရာသီကနေ ကောင်းတာတွေကိုယူဆောင်ရပါမယ်။ သင်ယူဖို့လိုအပ်တာတွေလည်း သင်ယူရမှာဖြစ်ပြီး တိုးတက်အောင် ပိုကောင်းအောင် လုပ်ဆောင်ရပါမယ်။ ရာသီအသစ်မှာ ဘောလုံးအလှတရားဆိုတာ အမြဲတမ်းရှိတတ်ပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အဲ့စာမျက်နှာကိုလှန်လိုက်ပါပြီ။
ဒီရာသီကို ထားခဲ့ပါပြီ။ စံချိန်တွေကတော့ ရှိနေပါတယ်။ ဘာအောင်မြင်လဲ ဘာမအောင်မြင်တာလဲဆိုတာပေါ့။ အခြေခံအားဖြင့် အကြောင်းအရာများစွာက ကျွန်တော်တို့ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။
ပြီးခဲ့တဲ့နွေရာသီက ကျွန်တော်တို့တစ်ရှိန်ထိုးလုပ်ဆောင်ခဲ့သင့်တာပါ။ အပြောင်းအလဲတွေလုပ်ဆောင်ခဲ့သင့်တာဖြစ်ပြီး အဲ့လိုမလုပ်ခဲ့တာကြောင့် နစ်နာခဲ့ရပါပြီ။ ကျွန်တော်တို့ အသင်းကို ဇန်နဝါရီကတည်းက တည်ဆောက်ထားခဲ့ပြီးပါပြီ။ ဘယ်ပစ်မှတ်ကိုခေါ်မလဲဆိုတာ သတ်မှတ်ထားပြီးပါပြီ။ နံပတ် ၁ ပစ်မှတ် ၊ နံပတ် ၂ ပစ်မှတ်တွေရှိပြီးသားပါ။ ဈေးကွက်ထဲသွားမှာဖြစ်ပြီး အဲ့တာက ရှင်းလင်းပြီးလျင်မြန်ရပါမယ်။ ကျွန်တော်တို့ ကလပ်ကမ္ဘာ့ဖလားအတွက်လည်း လူစာရင်းကို အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားပါတယ်”လို့ မူဘာရက်ခ်က ပြောကြားခဲ့ပါတယ်။