ပရီးမီးယားလိဂ်ကနေ ထွက်ခွာဖို့ ပြင်ဆင်လာတဲ့ မန်စီးတီးဂိုးသမား
မန်စီးတီးဂိုးသမား အီဒါဆန်တစ်ယောက် ပရီးမီးယားလိဂ်ကနေထွက်ခွာဖို့ ပြင်ဆင်လာတယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ အင်္ဂလန်မှာ ၇ နှစ်ကြာ ကစားခဲ့တာဖြစ်ပြီး ဆုဖလား ၁၇ လုံးအထိ ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အယ်လ်နာဆာနဲ့ အယ်လ်-အီတီဟက်တို့က ချိတ်ဆက်လာတဲ့အနေအထားမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေပါတယ်။
စီးတီးနည်းပြ ဂွါဒီယိုလာကလည်း အီဒါဆန်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူမသိသေးကြောင်း ပြောကြားခဲ့ပါတယ်။ စီးတီးဘက်ကတော့ အီဒါဆန်အတွက် ပေါင်သန်း ၅၀ လောက်တောင်းဆိုဖို့ ပြင်ဆင်နေပါတယ်။ အီဒါဆန်က ဥရောပမှာ ဆက်နေဖို့ အလိုရှိနေပေမယ့် အရှေ့အလယ်ပိုင်းက သူ့အတွက် ငွေရှာဖို့လွယ်ကူနိုင်တာကို သတိထားမိနေပါတယ်။
အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ အသက် ၃၀ အရွယ် ကစားသမားဟာ စီးတီးကနေထွက်ခွာဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ စီးတီးကနေ ထွက်ခွာမှုကလည်း ပြီးခဲ့တဲ့ရာသီတုန်းက တော့တင်ဟမ်နဲ့ပွဲမှာ အချင်းများမှုကနေ စတင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အချို့ပရိသတ်တွေကတော့ အီဒါဆန်ကို ဆက်မထိန်းထားသင့်ဘူးလို့ ယူဆနေကြပေမယ့် အချို့ကတော့ အသင်းမှာပဲ ဆက်ထိန်းထားချင်နေပါတယ်။
အီဒါဆန်ကတော့ တော့တင်ဟမ်နဲ့ပွဲက ဖြစ်ရပ်နဲ့ပတ်သက်ပြီး လူမှုမီဒီယာမှာ “ဘယ်သူမှနားမလည်ပါဘူး။ ဒါပေမယ့် ငါကတော့…”ဆိုတဲ့ ကပ်ပရှင်နဲ့ပို့စ်တင်ခဲ့ပါတယ်။