The network connection is lost.

Banner Image

ပရိသတ်များထံမှ ဒီထက်ပို၍ မတောင်းဆိုနိုင်ဟု ယူနိုက်တက်နည်းပြ အာမိုရင်ဆို

ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်သည် ခရစ္စမတ်အစီအစဉ်သို့ လာရောက်လာချိန်တွင် အသင်းပရိသတ်များကို အထူးချီးကျူးပြောဆိုခဲ့သည်။ ယူနိုက်တက်အသင်းသည် နှစ်ပွဲဆက်တိုက်ရှုံးနိမ့်ပြီးနောက် ဘောက်ဆင်ဒေးနေ့တွင် ဝုဗ်အသင်းနှင့်သွားရောက်ကစားရမည်ဖြစ်သည်။

ယူနိုက်တက် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာဖို့အတွက် ကြိုးစားနေချိန်တွင် ပရိသတ်များ၏ အခန်းကဏ္ဍနှင့်ပတ်သက်၍ မေးမြန်းရာ အာာမိုရင်က “ပရိသတ်တွေဆီက ဘာမှ (မလိုပါဘူး)၊ ကျွန်တော်တို့ဆီကပဲ လိုတာပါ။ ပရိသတ်တွေအကြောင်း ဒီထက်ကောင်းတဲ့စကားလုံးတွေ ကျွန်တော်မပြောနိုင်ပါဘူး။” ဟုဖြေကြားခဲ့သည်။

“ကျွန်တော် ပရိသတ်တွေကို ပြောချင်တာက ကျွန်တော်တို့ နားလည်ပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော် နားလည်ပါတယ်၊ ဒီအချိန်အခါကို နားလည်ပါတယ်၊ စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှုကို နားလည်ပါတယ်။ ကျွန်တော် နားလည်ပြီး ကျွန်တော်တို့ တိုးတက်အောင်လုပ်ပါမယ်။ အချိန်ယူရပါလိမ့်မယ်။” “ကျွန်တော် အဲဗာတန်ပွဲအပြီးမှာ ဒီမှာပဲ (သတင်းစာရှင်းလင်းပွဲမှာ) ပြောခဲ့သလို လူတွေက ထိပ်သီးလေးသင်းအကြောင်း ပြောနေကြတယ်။ အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော်သိပေမယ့် ဒီဘက်ကနေ ပရိသတ်တွေကို ကျွန်တော်တို့ နားလည်ကြောင်း ပြောပြဖို့ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် နားလည်ပါတယ်။”

“သူတို့က မယုံနိုင်လောက်အောင်ပါပဲ” ဟု သူက ထပ်လောင်းပြောကြားခဲ့သည်။ “ကျွန်တော်တို့ နှစ်ပေါင်းများစွာ မမြင်နိုင်လောက်တဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေချိန်မှာ ကျွန်တော်တို့ရရှိတဲ့ အားပေးမှုက ကျွန်တော်တို့သိပါတယ်။” “ဒီအခြေအနေကို ရင်ဆိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ နောက်ပွဲကို နိုင်ခဲ့သလို ပြင်ဆင်ပြီး နောက်တစ်ကြိမ်သွားပြီး ပွဲနိုင်အောင် ကြိုးစားဖို့ပါပဲ။”

“ကျွန်တော်သိပါတယ်၊ ကျွန်တော်တို့ဆီကပဲ လိုတာပါ၊ သူတို့ (ပရိသတ်တွေ) က ကျွန်တော်တို့ရဲ့အကူအညီကို လိုအပ်တာပါ၊ ပြောင်းပြန်မဟုတ်ပါဘူး၊ သူတို့ (ပရိသတ်တွေ) က အရာအားလုံးကို မှန်မှန်ကန်ကန် လုပ်ဆောင်နေကြတာပါ။”