The network connection is lost.

Banner Image

တော့တင်ဟမ်ကိုရှုံးနိမ့်ခဲ့ပေမယ့် ယူနိုက်တက်ကပိုကောင်းတဲ့အသင်းဖြစ်ခဲ့တယ်လို့ဆိုလာတဲ့ အာမိုရင်

သောကြာနေ့နံနက်က ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ တော့တင်ဟမ်ကို ၄-၃ နဲ့အရေးနိမ့်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ကတော့ ယူနိုက်တက်က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့တာကြောင့် ရလဒ်အပေါ်စိတ်ပျက်မိကြောင်း ပြောကြားလာခဲ့ပါတယ်။ 

ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပြီဖြစ်တဲ့ အာမိုရင်က ပွဲအပြီးမှာတော့ “အခုနောက်ပိုင်းပွဲတွေမှာ ကျွန်တော်တို့ဟာ ရှုံးနိမ့်ပြီး ခက်ခဲနေတဲ့ပွဲစဉ်တွေကို ကြံ့ကြံ့ခံပြီး နောက်ကနေ လိုက်ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်းခြေစွမ်းတွေက ဆက်စပ်မှုမရှိတဲ့ အခြေအနေမျိုးနဲ့တောင် တွေ့ကြုံနေရပါတယ်။ ဒီနေ့ပွဲမှာ အကောင်းဆုံးလုပ်နိုင်ခဲ့ကြတယ်လို့ထင်ပါတယ်။ အားလုံးမြင်တဲ့အတိုင်း ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမယ့် တော့တင်ဟမ်က အဆုံးသတ်ပိုင်း ပိုကောင်းခဲ့ပါတယ်”

“ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပေမယ့် အဆုံးထိ အရှံးမပေးဘဲ ဇွဲကောင်းကောင်းနဲ့ကစားနိုင်ခဲ့တာက ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ ဒါကို ကွင်းထဲမှာ ပရိသတ်တွေလည်း ခံစားမိမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ သက်တောင့်သက်သာပဲကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုလည်း ပိုရခဲ့ပါတယ်။ ကျွန်တော်တို့ဘက်ကနေ အဲရစ်ဆင် တူညီတဲ့ ပုံစံနဲ့ ကန်ခွင့် ၂ ကြိမ်အထိရခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပေမယ့် သူတို့ကတော့ အလားတူပုံစံကနေ ၂ ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။ ဘောလုံးမှာ ဒါကအမြဲတမ်းဖြစ်ပျက်နေကျအရာပါ”

“တော့တင်ဟမ်က အမြင့်ဘောတွေနဲ့ကစားတဲ့အသင်းဖြစ်ပြီး တောင်ပံ ၂ ဖက်ကနေ ဖိအားပေးဖို့ကြိုးစားပါတယ်။ ကျွန်တော်တို့က ဒါကိုအခွင့်ကောင်းယူဖို့ကြိုးစားခဲ့ပေမယ့် ပေးဆပ်မှုအချို့ရှိခဲ့ပါတယ်။ အထူးသဖြင့် ကြံ့ခိုင်မှုပိုင်းမှာ ကျွန်တော်တို့အားနည်းခဲ့ပြီး ဒါကို ပိုကောင်းအောင်အလုပ်လုပ်သွားရပါမယ်။ ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့အတွက်တော့ ခါးသီးတဲ့ရလဒ်ဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာမနိုင်ခဲ့ပါဘူး။ ဒါကြောင့် အခုချိန်ကနေစပြီး နောက်ပွဲအတွက် အာရုံစိုက်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။