The network connection is lost.

Banner Image

လာမယ့်ဆောင်းဈေးကွက်မှာ ကစားသမား၂ ဦးခေါ်ယူမယ့် မန်စီးတီး

မန်စီးတီးအသင်းဟာ အခုလာမယ့်ဆောင်းဈေးကွက်မှာ ဖရန့်ဖတ်စတား  အိုမာမာမွတ်ရှ် နဲ့ အတ္တလန္တာစတား အီဒါဆန်တို့ကိုခေါ်ယူမယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁ ပွဲသာအနိုင်ရရှိခဲ့ပြီးနောက် စီးတီးက အခုလာမယ့်ဈေးကွက်မှာ ပြဿနာဖြေရှင်းဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

မေးလ်စပေါ့တ်သတင်းဌာနရဲ့အဆိုအရ စီးတီးဟာ အခုဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမား ၂ ဦးခေါ်ယူမှာဖြစ်ပြီး အဲ့ကစားသမားတွေက အိုမာမာမွတ်ရှ် နဲ့ အီဒါဆန်တို့ဖြစ်တယ်လို့ ဆိုပါတယ်။ အီဂျစ်သားကတော့ ဘွန်ဒက်စ်လီဂါမှာ ဟယ်ရီကိန်းနဲ့အတူ ဂိုးသွင်းအများဆုံးအဖြစ် ပူးတွဲရပ်တည်နေပြီး ၁၃ ဂိုးသွင်း ၊ ၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

သူ့ထက်ဥရောပလိဂ် ၅ ခုမှာ ဂိုးအများဆုံးပါဝင်ပတ်သက်ထားသူအဖြစ် ဆာလက်တစ်ဦးတည်းသာရှိနေပါတယ်။ အီဒါဆန်ကလည်း စီးရီးအေမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပရီးမီးယားလိဂ်ကိုပြောင်းလာနိုင်ချေရှိနေပါတယ်။ ဂွါဒီယိုလာကတော့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး “အချို့အခြေအနေတွေမှာ ကျွန်တော်တို့ အကူအညီလိုအပ်ပါတယ်။ ကျွန်တော်တို့ အသင်းတစ်သင်းအဖြစ် အတူတူရှိနေပါတယ်။ ဒါပေမယ့် အရေးပါတဲ့ကစားသမားတွေ နားနေရတာက ခက်ခဲပါတယ်။

လူတွေက ပွဲအများကြီးကစားနေရတာပါ။ သူတို့အဲ့တာကို လုပ်ရပါမယ်။ ဘာလို့လဲဆိုတော့ သူတို့မှ မလုပ်ရင် လုပ်မယ့်သူမရှိလို့ပါ။ သူတို့အဲ့ထဲမှာ နစ်မြုပ်နေပါတယ်။ မကြာခင်မှာ အရေးပါတဲ့သူတွေပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ပြီးတော့ အသင်းတစ်သင်းအဖြစ် ပြန်လည်မြင်တွေ့ချင်ပါတယ်”လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

စီးတီးမှာ အဓိကကစားသမားတွေဒဏ်ရာပြဿနာရှိနေပြီး လက်စတာကို အနိုင်ရခဲ့ပေမယ့် ရလဒ်တွေဆိုးဝါးနေဆဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အနေအထားက ပြီးဆုံးသလောက်ရှိနေပေမယ့် ချန်ပီယံလိဂ် ၊ အက်ဖ်အေတို့ကစားဖို့ကျန်နေသေးတာဖြစ်ပါတယ်။