
ဗီလာကနေထွက်ခွာဖို့ စဉ်းစားနေတဲ့ အာဂျင်တိုင်းသား
သတင်းတွေအရ ဗီလာဂိုးသမား မာတီနက်ဇ်တစ်ယောက် အခုနွေရာသီမှာ ယူနိုက်တက်ထံပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ The Sun သတင်းဌာနကလည်း အာဂျင်တိုင်းသားဟာ ယူနိုက်တက်ထံပြောင်းရွှေ့ချင်နေပြီး သူ့ရဲ့အိပ်မက်အပြောင်းအရွှေ့ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
မာတီနက်ဇ်အပြောင်းအရွှေ့ကြောင့် အိုနာနာရဲ့အနာဂတ်က မသေချာတဲ့သတင်းတွေထွက်ပေါ်လာပါတယ်။ အာမိုရင်ဟာ အသင်းလူစာရင်းကိုအပြောင်းအလဲလုပ်ချင်နေပြီး ဦးဆောင်နိုင်မယ့်ကစားသမားမျိုးလိုချင်နေပါတယ်။ နောက်ထက်သတင်းတွေအရ အာမိုရင်တစ်ယောက် မာတီနက်ဇ်ကို ၂၀၂၀ စပို့တင်းမှာကတည်းက ခေါ်ယူချင်ခဲ့တာလို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ သူ့ဆန္ဒကိုဖြည့်တင်းဖို့ လုပ်ဆောင်နေပြီး မာတီနက်ဇ်ကလည်း ဗီလာကနေထွက်ခွာကာ ယူနိုက်တက်နဲ့ ပူးပေါင်းချင်နေပါတယ်။ ယူနိုက်တက်ဟာ အခုနွေရာသီမှာ အိုနာနာကိုအဆင်ပြေခဲ့ရင်ရောင်းချချင်နေပြီး မိုနာကိုအသင်းက ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အာဂျင်တိုင်းသားကို ဂါလာတာစာရေးအသင်းက ကမ်းလှမ်းထားသေးတာဖြစ်ပြီး ကစားသမားကိုယ်တိုင်က ယူနိုက်တက်ကိုသာ ပြောင်းချင်နေပါတယ်။
အမ်မရီကတော့ မာတီနက်ဇ်ထွက်ခွာနိုင်ချေရှိတာကို ကြိုတင်ပြင်ဆင်နေပြီး လိုင်လီဂိုးသမား လူးကပ်စ်နဲ့အစားထိုးဖို့ လုပ်ဆောင်နေပါတယ်။