The network connection is lost.

Banner Image

သူ့ရဲ့အောင်ပွဲခံပုံစံကို အတုခိုးခဲ့တဲ့ ဆာကာကို ပြန်လည်တုံ့ပြန်လိုက်တဲ့ မက်ဒီဆင်

ယမန်နေ့ကယှဉ်ပြိုင်ခဲ့တဲ့ အာဆင်နယ် ၂-၂ တော့တင်ဟမ်ပွဲစဉ်မှာ အာဆင်နယ်တောင်ပံကစားသမား ဘူကာယိုဆာကာဟာ ဦးဆောင်ဂိုးရရှိပြီးနောက် တော့တင်ဟမ်ကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်ရဲ့ အောင်ပွဲခံပုံစံအတိုင်း ပြုမူခဲ့တာကြောင့် မက်ဒီဆင်ရဲ့ ပြန်လည်တုံ့ပြန်ပြောဆိုခြင်းကိုခံခဲ့ရတာ ဖြစ်ပါတယ်။ သို့သော် ဆာကာဟာ အာဆင်နယ်အတွက် ပင်နယ်တီမှတစ်ဆင့် သွင်းဂိုးရယူနိုင်ခဲ့တာကြောင့် ၎င်းရဲ့ပုံစံအတိုင်းလည်း အောင်ပွံခံခွင့်ရရှိခဲ့ပါသေးတယ်။
 
အသက်-၂၂ နှစ်အရွယ် ဆာကာနဲ့ အသက်-၂၆ နှစ်အရွယ် မက်ဒီဆင်တို့ဟာ အင်္ဂလန်လက်‌ရွေးစင် အသင်းမှာ အသင်းဖော်တွေဖြစ်ကြပြီး ပွဲပေါင်းများစွာ အတူတူဖြတ်သန်းခဲ့ဖူးကြတာဖြစ်ပါတယ်။ သို့သော် ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ကစားသမား ၂ ယောက်ဟာ ပြိုင်ဘက်တွေအဖြစ်ရင်ဆိုင်ခဲ့ကြရတာဖြစ်ပါတယ်။
 
အာဆင်နယ်အသင်းဟာ ဦးဆောင်ဂိုးကို ဆာကာရဲ့ကန်ချက် တော့တင်ဟမ်နောက်ခံလူ ရိုမဲရိုးနဲ့ထိမိခဲ့ရာမှတစ်ဆင့် ရရှိခဲ့ပြီးနောက် ဆာကာက မက်ဒီဆင်ရဲ့ အောင်ပွဲခံပုံစံအတိုင်း အတုယူပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။
 
အဆိုပါ အောင်ပွဲခံမှုကြောင့် ဆာကာကို တော့တင်ဟမ်ပရိသတ်များက ဒေါသတကြီးအော်ဟစ်ဆဲဆိုခဲ့ကြပေမယ့် မက်ဒီဆင်ကတော့ " ကျွန်တော်နဲ့ဆာကာတို့ နိုင်ငံတကာပွဲစဉ်တွေမှာ ဆုံတုန်းက စကားစမြည်ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ကျွန်တော်က သူ့ရဲ့ အောင်ပွဲခံတဲ့ပုံစံနဲ့ပတ်သက်ပြီး စနောက်လိုက်မိတယ်‌လေ။ဒါကြောင့် သူကျွန်တော့်ပုံစံအတိုင်း အောင်ပွဲခံခဲ့တာနေမှာပေါ့။ ဒါပေမယ့် ဒီနေ့ပွဲမှာ ကျွန်တော်သူ့ကို လှည့်ထွက်ပြီး တော့တင်ဟမ်အတွက် ပထမဂိုးကိုဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို‌ပြောစရာစကားတွေတော့ရှိလာပါပြီ" လို့ပြောကြားခဲ့ပါတယ်။
 
လက်စတာစီးတီးကစားသမားဟောင်းဟာ ပွဲကစားချိန် ၄၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ဆွန်ဟောင်မင်ရဲ့ ပထမဂိုးကို ဖန်တီးပေးပို့ရာမှာ ဆာကာကို လှလှပပနဲ့ အကောင်းဆုံးကျော်ဖြတ်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာကလည်း ၅၄ မိနစ်မှာ ပင်နယ်တီမှတစ်ဆင့် အာဆင်နယ်အတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့် တစ်မိနစ်အကြာမှာတော့ တော့တင်ဟမ် အသင်းခေါင်းဆောင် တောင်ကိုရီးယားသားကပဲ မက်ဒီဆင်ရဲ့ဒုတိယအကြိမ်ဖန်တီးမှုမှတစ်ဆင့် ဒုတိယချေပဂိုး ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။