
ရင်ဆိုင်ရအခက်ခဲဆုံးပြိုင်ဘက်နာမည်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ မက်အယ်လစ္စတာ
လီဗာပူးအသင်းကွင်းလယ်လူ မက်အယ်လစ္စတာ က ချဲလ်ဆီးစတား ကိုင်ဆီဒိုဟာ ရိုက်စ် နဲ့ ရိုဒရီတို့ထက် ရင်ဆိုင်ရပိုခက်ခဲခဲ့တဲ့ကွင်းလယ်လူလို့ ပြောကြားလိုက်ပါတယ်။ စနေနေ့က အင်တာဗျူးမှာ လီဗာပူးစတားက အခုလိုမျိုးဖြေကြားခဲ့ပြီး ဘရိုက်တန်အသင်းဖော်ဟောင်းကို ရွေးချယ်ခဲ့ပါတယ်။
ဒါပေမယ့် ရိုဒရီကတော့ ၃ ဦးထဲမှာ အကောင်းဆုံးကစားသမားလို့ ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီး ကိုင်ဆီဒိုကို ရွေးချယ်တာက သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကြောင့်လို့ ဆိုပါတယ်။
“ကျွန်တော် မွိုက်စ်နဲ့ အဝတ်လဲခန်းထဲမှာ အတူတူရှိဖူးပါတယ်။ သူက တကယ့်အံ့ဖွယ်ကစားသမားဖြစ်သလို ရုပ်ပိုင်းဆိုင်ရာလည်း ကြံ့ခိုင်မှုကောင်းပါတယ်။ ရုပ်ပိုင်းဆိုင်ရာမှာ သူ့ကိုယှဉ်နိုင်ဖို့ ခက်ခဲပါတယ်။ ဘောလုံးရှိစဉ်မှာကော မရှိစဉ်မှာပါ သူက တကယ်ကောင်းပါတယ်။ သူက လုံးဝပြီးပြည့်စုံပါတယ်။ ရိုဒရီကတော့ ကွင်းလယ်လူ ၃ ဦးထဲမှာ အကောင်းဆုံးပါ။ သူက ဘော်လွန်းဒီအော်ဆုရထားတဲ့သူပါ။
သူက ရင်ဆိုင်ရခက်ခဲတဲ့သူတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူကဘောလုံးအမြဲကိုင်ထားတဲ့ကစားသမားမဟုတ်တာကြောင့် သူက တစ်ချက်ထိနဲ့ကစားတတ်သူပါ။ ခင်ဗျားသူ့ အနားကို ဘယ်တော့မှမရောက်ပါဘူး။ ကျွန်တော် အဲ့တာကို ကြိုက်ပါတယ်”လို့ မက်အယ်လစ္စတာ က ဖြေကြားခဲ့ပါတယ်။ အာဂျင်တိုင်းသားဟာ လီဗာပူးအသင်းနဲ့အတူ ပထမဆုံးပရီးမီးယားလိဂ်ဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပြီး ချန်ပီယံဖြစ်ဖို့ တော့တင်ဟမ်ကို အိမ်ကွင်းမှာ သရေကန်ဖို့ လိုအပ်နေပါတယ်။