The network connection is lost.

Banner Image

ပေါင်ဒဏ်ရာခွဲစိတ်မှာဖြစ်တာကြောင့် ကာလရှည်နားရတော့မယ့် နာပိုလီစတား

နာပိုလီအသင်းအနေနဲ့ တိုက်စစ်မှူး လူကာကူတစ်ယောက်  ပေါင်ဒဏ်ရာခွဲစိတ်မှာဖြစ်တာကြောင့် သူမပါပဲ လပေါင်းများစွာကစားရတော့မှာဖြစ်ပါတယ်။ အိုလံပီယာကို့စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ခြေစမ်းပွဲအတွင်း ပေါင်ဒဏ်ရာရခဲ့ပေမယ့် လူကာကူက မခွဲစိတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒယ်လိုစပေါ့တ်သတင်းဌာနကတော့ စစ်ဆေးချက်တွေအရ သူ့ရဲ့ဘယ်ဘက်ပေါင်အခြေအနေဟာ ဆိုးဝါးလာခဲ့ပြီး ကာလရှည်နားရမှာကို စိုးရိမ်ရတာကြောင့် ခွဲစိတ်ရမယ်လို့ ဆိုပါတယ်။

နာပိုလီဆေးအဖွဲ့ နဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ကျွမ်းကျင်သူတွေတိုင်ပင်ပြီးနောက် ကစားသမားကို ခွဲစိတ်မှုခံယူဖို့ တိုက်တွန်းခဲ့ပါတယ်။ ခွဲစိတ်မှုခံယူပြီးချိန်မှာ လူကာကူအနေနဲ့ ပြန်လည်ကြံ့ခိုင်လာဖို့ ၃ လကနေ ၄ လကြားအနားယူဖို့ လိုအပ်နေတာဖြစ်ပြီး စီးရီးအေပွဲစဉ်တွေအပြင် ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေကိုပါ လွဲချော်တော့မှာဖြစ်ပါတယ်။ လူကာကူဟာ မနှစ်ကနာပိုလီအသင်းစီးရီးအေချန်ပီယံဖြစ်ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၄ ဂိုးသွင်း ၊ ၁၀ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ချန်ပီယံလိဂ်လည်းကန်ရမှာဖြစ်တာကြောင့် နာပိုလီအနေနဲ့ စိတ်ချရတဲ့တိုက်စစ်မှူးမျိုးခေါ်ယူဖို့ လိုအပ်နေပါတယ်။  နည်းစနစ်ပိုင်းရှုထောင့်အရ နာပိုလီရဲ့တိုက်စစ်ဟာ လူကာကူအပေါ်မှာ မူတည်နေပြီး ကွန်တီအနေနဲ့ တိုက်စစ်မှူးအသစ်နဲ့ခေါ်ယူမယ်ဆိုရင် တိုက်စစ်ပိုင်းတစ်ခုလုံးကို ပြန်လည်ဖွဲ့စည်းရမှာဖြစ်ပါတယ်။ လူကာကူဟာ သြဂုတ်လ ၁၄ ရက်နေ့တုန်းက ခြေစမ်းပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ရက် ၁၀၀ လောက်လွဲချော်နိုင်တာဖြစ်ပါတယ်။

နာပိုလီအနေနဲ့ လူကာကူနေရာအတွက် ယူနိုက်တက်စတား ဟွိုက်လန်း ၊ ဇီကာဇီး နဲ့ ဂျက်ဆင်တို့ကို ပစ်မှတ်စာရင်းထဲထည့်ထားပါတယ်။ လူကာကူအနေနဲ့ ကြံ့ခိုင်မှုအစီအစဉ်အဆင်ပြေခဲ့မယ်ဆိုရင် ၃ လအတွင်းမှာ ပြန်လာနိုင်တာဖြစ်ပြီး အဆိုပါအချိန်ကာလဟာ စီးရီးအေချန်ပီယံဆုကာကွယ်ရေးအတွက် အရေးပါလာနိုင်တာဖြစ်ပါတယ်။