The network connection is lost.

Banner Image

ကစားသမားတွေဆီကနေ ပိုကောင်းတဲ့ပွဲစီစဉ်မှုကို အလိုရှိနေတဲ့ အင်းနရစ်

လိုင်ယွန်ကို ၃-၂ နဲ့အနိုင်ရပြီးနောက် ပီအက်စ်ဂျီနည်းပြ အင်းနရစ်က ကစားသမားတွေဆီကနေ ပိုကောင်းတဲ့ပွဲစီစဉ်မှုကို အလိုရှိနေတယ်လို့ သိရပါတယ်။ ပွဲကစားချိန် ၉၂ မိနစ်မှာ တိုလစ်ဆိုက နောက်ကျအနိုင်ဂိုးမသွင်းယူနိုင်ခင် ပီအက်စ်ဂျီဟာ ဒုတိယပိုင်းအတွင်းမှာ ၂ ဂိုးအထိ ရယူထားနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ပီအက်စ်ဂျီဟာ ပြိုင်ပွဲစုံ ၈  ပွဲဆက်နိုင်ပွဲဆက်စံချိန်ကို ဆက်ထိန်းနိုင်ခဲ့သလို လီဂူးဝမ်းမှာလည်း ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ နောက်ထပ်စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့လို့ အင်းနရစ်က ပျော်ရွှင်နေပေမယ့် လိုင်ယွန်ကို မထိန်းချုပ်နိုင်ခဲ့လို့ အခုလိုထောက်ပြခဲ့ပါတယ်။

“ဒုတိယပိုင်းက ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့စတင်နိုင်ခဲ့ပြီး ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးတွေအတွက် အရှိန်ထပ်မြှင့်ဖို့ လိုအပ်ပါတယ်။ ခင်ဗျားနှလုံးသားနဲ့ ကစားချိန်မှာ ခင်ဗျားဦးနှောက်အလုပ်ပေးတာကို ရပ်တန့်စေပါတယ်။ ၂ ဂိုးအသာနဲ့ပွဲကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ရှုံးနိမ့်နေတဲ့အသင်းက အရဲစွန့်တာတွေလုပ်လာမှာပါ။ ပွဲက အဆုံးသတ်ပိုင်းရောက်လေ ရှုပ်ထွေးလေဖြစ်လာခဲ့ပြီး ခံစစ်ကလည်း အမှားများလာပါတယ်။

ကျွန်တော့်အမြင်အရတော့ ကောင်းမွန်တဲ့ခံစစ်ပိုင်းမဟုတ်ခဲ့ပါဘူး။ ကျွန်တော်တို့စိတ်ကူးကတော့ ပွဲအစကတည်းက တိုက်စစ်နဲ့ကစားချင်တာပါ။ ကစားသမားတွေအနေနဲ့ ပရိသတ်တွေကို နိုင်ပွဲတွေအပြင် ဆုဖလားတွေပါ ရယူပေးနိုင်ဖို့ပါ။ ဒီနေ့အသင်းက တိုးတက်လာခဲ့ပေမယ့် ပွဲအတွင်းဖိအားတွေများလာချိန်မှာ ထိန်းချုပ်ကစားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီပွဲက လုံးဝရူးသွပ်စရာပါ။ ဒီနေ့ပွဲမှာ ကိုယ်ရည်ကိုယ်သွေး နဲ့ အသင်းစရိုက်လက္ခဏာ တိုးတက်လာခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ အင်းနရစ်က ပြောကြားခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပြင်သစ်လိဂ်ဖလားကွာတားဖိုင်နယ်ပွဲအဖြစ် စတုတ္ထတန်းကလပ် Briochin အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။