The network connection is lost.

Banner Image

အန်ဖီးလ်Comebackနိုင်ပွဲနဲ့အတူ အမှတ်ဖြတ်ဦးဆောင်နေဆဲ လီဗာပူး

လီဗာပူး ၄-၁ လူတန်တောင်း (ပွဲပြီးရလဒ်)

အော့ဂျ်ဘီနီ ၁၂ မိနစ်

ဗန်ဒိုက် ၅၆ မိနစ်

ဂတ်ပို ၅၈ မိနစ်

ဒီယက်ဇ် ၇၁ မိနစ်

အယ်လီယော့ ၉၀ မိနစ်

 

ဒဏ်ရာပြဿနာတွေကြောင့် စီနီယာကစားသမားအများစုကို လက်လွှတ်ထားရသလို အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အပြီး ပြိုင်ဘက်ရဲ့ဦးဆောင်ဂိုးကိုပါ ခွင့်ပြုပေးခဲ့ရတဲ့ လီဗာပူးတို့ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း အိမ်ရှင်တို့ တိုက်စစ်မြှင့်ကစားလာခဲ့ပြီး ဗန်ဒိုက်၊ ဂတ်ပိုတို့ရဲ့ခေါင်းတိုက်သွင်းဂိုးတွေက ပွဲကို အလှည့်အပြောင်းဖြစ်သွားစေပါတယ်။ ဒီနောက်မှာတော့ ဒီယက်ဇ်၊ အယ်လီယော့တို့က လီဗာပူးအတွက် အနိုင်ပြတ်သားစေမယ့် သွင်းဂိုးတွေကို ရှာဖွေပေးခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ လူတန်တောင်းက ဦးဆောင်ဂိုးရယူနိုင်ခဲ့ပေမယ့် အိမ်ရှင်လီဗာပူးရဲ့ ဖိအားပေးကစားဟန်ကို မထိန်းချုပ်နိုင်ခဲ့ဘဲ ဂိုးသမားကာမင်စကီသာ လက်စွမ်းမပြနိုင်ရင် ဒီထက်ပိုပြီးတောင် ဂိုးပြတ်အရေးနိမ့်သွားနိုင်ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ လီဗာပူးက အမှတ်ပေးချန်ပီယံဆုလမ်းကြောင်းမှာ အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်တို့ကို အမှတ်ဖြတ်ထားနိုင်ခဲ့ပါတယ်။