
ယူနိုက်တက်အနေနဲ့ နစ္စတယ်ရွိုင်းကိန်း ဆက်ထိန်းထားခဲ့သင့်တယ်လို့ ပရိသတ်တွေ ထင်မြင်နေ
ယူနိုက်တက်ပရိသတ်တစ်ဦးက အင်တာဗျူးတစ်ခုမှာ တာဝန်ရှိသူတွေအနေနဲ့ အာမိုရင်ထက် နစ္စတယ်ရွိုင်းလ်ကို အသင်းမှာဆက်ထိန်းထားသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
နစ္စတယ်ရွိုင်းလ်ဟာ ယူနိုက်တက်မှာနေရာမရခဲ့တာကြောင့် လက်စတာအသင်းထံပြောင်းရွှေ့ခဲ့ပြီး အခုချိန်မှာ လက်စတာက တန်းဆင်းဇုန်ထဲရောက်နေသလို ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန်အထက်နဲ့ ၅ မှတ်ကွာဟခဲ့ပြီဖြစ်ပါတယ်။
တန်ဟက်တစ်ယောက် ယူနိုက်တက်ကနေထွက်ခွာချိန်မှာ နယ်သာလန်သားဟာ ယာယီနည်းပြအဖြစ် ယူနိုက်တက်ကို တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယာယီအနေနဲ့ တာဝန်ယူခဲ့ရပြီး ၄ ပွဲမှာ ၃ ပွဲအနိုင် ၊ ၁ ပွဲသရေကျအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
အဲ့နောက် ယူနိုက်တက်က အာမိုရင်ကို ခန့်အပ်ခဲ့ပြီး နည်းပြအဖွဲ့ထဲမှာ မခေါ်ယူခဲ့တာကြောင့် လက်စတာထံပြောင်းရွှေ့ခဲ့ပါတယ်။
လက်စတာအသင်းကတော့ ထင်ထားသလိုဖြစ်မလာခဲ့ပဲ အခုချိန်မှာ တန်းဆင်းရမယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။ နစ္စတယ်ရွိုင်းကို ဆက်ထိန်းထားသင့်လား မသင့်ဘူးလားဆိုတဲ့ debate မှာ ပရိသတ်တစ်ဦးက “ယူနိုက်တက်အနေနဲ့ နစ္စတယ်ရွိုင်းလ်ကို ဆက်ထိန်းထားခဲ့သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ရေတိုပဲကိုင်ခဲ့ပေမယ့် သူက တကယ်ကောင်းတဲ့စွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။ နောက်ထပ်ပရိသတ်တစ်ဦးကလည်း “အာမိုရင်ကိုခေါ်မယ့်အစား နစ္စတယ်ရွိုင်းလ်ကို ရာသီကုန်အထိ ဆက်ထိန်းထားခဲ့တာက ပိုတောင်ကောင်းမယ်လို့ ထင်ပါတယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
“နစ္စတယ်ရွိုင်းလ်က လက်စတာနဲ့ နောက်ဆုံး ၂၂ ပွဲမှာ ၂ ပွဲပဲအနိုင်ရခဲ့ပါတယ်။ အချို့ပရိသတ်တွေက သူ့ကို ယူနိုက်တက်အတွက် သင့်လျော်တဲ့သူလို့ ထင်နေပါတယ်”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုခဲ့ပါတယ်။ လက်စတာဟာ ၂၇ ပွဲမှာ ၁၇ မှတ်သာရယူထားနိုင်ခဲ့ပြီး လက်ကျန် ၁၁ ပွဲမှာ တန်းတင်ကျန်ရစ်ဖို့အတွက် မဖြစ်မနေအမှတ်တွေရယူနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။