The network connection is lost.

Banner Image

အဲဗာတန်နဲ့ပွဲစဉ်မှာ လီဗာပူးအသင်း အားအင်ကုန်ခမ်းသွားတယ်လို့ ဝန်ခံခဲ့တဲ့ အန်းစလော့

အဲဗာတန်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လီဗာပူးနည်းပြအန်းစလော့က သူ့အသင်းရဲ့စိတ်ဓါတ်ပိုင်းကို ဂုဏ်ပြုချီးကျူးခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်း အန်းစလော့ရဲ့အသင်းက ဂရာဗန်ဘတ်ချ်၊ အီကီတီကီတို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်မှာတော့ ဂူယီက ဧည့်သည်တွေအတွက် ချေပဂိုးသွင်းယူခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာ အဲဗာတန်ရဲ့ဖိအားပေးမှုတွေ ဆက်ရှိခဲ့ပေမယ့် လီဗာပူးက အနိုင်ရလဒ်ကိုထိန်းသိမ်းကာ သူတို့ရဲ့ အပြစ်အနာအဆာမရှိ၊ ရာသီသစ်စတင်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

အန်းစလော့က “ ဒီနေ့ပွဲစဉ်မှာ ကျွန်တော်တို့အတွက် စိတ်ဓါတ်ပိုင်းကို နောက်တစ်ကြိမ် မဖြစ်မနေလိုအပ်ခဲ့ပါတယ်။ အတိတ်ကာလအချိန်တွေနဲ့နှိုင်းယှဉ်ရင် အနည်းငယ်ကွဲပြားကောင်းကွဲပြားနိုင်ပေမဲ့ သင့်တင်လျောက်ပတ်တဲ့ ပြင်ဆင်ချိန်မရရှိထားရင် အခုလိုပွဲစဉ်မျိုးက ဘယ်လောက်အထိ ခက်ခဲလာနိုင်မလဲဆိုတာကို သိရှိထားခဲ့ပါတယ်။ ဒါပေမဲ့ ခုနစ်ရက်အတွင်း တတိယမြောက်ပွဲစဉ်ကို ကစားရမယ်ဆိုရင် ဒီပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်တွေက ဘယ်လောက်အထိခက်ခဲနိုင်မယ်ဆိုတာ သိထားရပါမယ်။

 ဒါကြောင့်ပဲ ကျွန်တော်က အခုသီတင်းပတ်တလျှောက်လုံး ကျွန်တော့်ရဲ့ပွဲထွက်ကစားသမားစာရင်းကို ပြုစုနေရခြင်း ဖြစ်ပါတယ်။ ဒီပွဲစဉ်သုံးခုအနက် အပြင်းထန်ဆုံးဖြစ်လာနိုင်တဲ့ အခုပွဲစဉ်အတွက် ကစားသမားတွေအဆင်သင့်ဖြစ်နေဖို့ ကြိုးစားခဲ့ပါတယ်။

ကျွန်တော်တို့သာ လန်းဆန်းနေမယ်ဆိုရင် ဘယ်လောက်အထိကောင်းကောင်းကစားနိုင်သလဲဆိုတာကို အခုပွဲစဉ်မတိုင်ခင်ကတည်းက သိထားပြီးသားဖြစ်ပါတယ်။ ပထမပိုင်းပွဲချိန် ၄၅ မိနစ်မှာဆိုရင် ကျွန်တော်တို့အသင်းကစားပုံက မယုံကြည်နိုင်စရာကောင်းခဲ့ပါတယ်။
အမှန်ပါပဲ၊ အဲဗာတန်ဖြစ်နေလို့ကို ဒုတိယပိုင်းပွဲချိန်တွေက ပိုမိုခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း ကျွန်တော်တို့က အားအင်ကုန်ခန်းသွားပေမယ့် စိတ်ဓါတ်ပိုင်းတော့ မပြိုလဲသွားခဲ့ပါဘူး”လို့ ပြောပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် လီဗာပူးက လာမယ့်သီတင်းပတ်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နိုင်ခဲ့ပါတယ်။