The network connection is lost.

Banner Image

သူငယ်ချင်းဆိုတာမရှိကြောင်း အသင်းဖော်ဟောင်းကိုသတိပေးလိုက်တဲ့ ဟာကီမီ

ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာမတွေ့ဆုံခင် ပီအက်စ်ဂျီစတား ဟာကီမီက ပြိုင်ပွဲမှာသူငယ်ချင်းဆိုတာမရှိကြောင်း အသင်းဖော်ဟောင်း မက်ဆီကို သတိပေးလိုက်ပါတယ်။ မက်ဆီဟာ လာမယ့်တနင်္ဂနွေနေ့မှာ ကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ဟာကီမီက မိမိတို့ကစားနေကြအတိုင်းကစားမှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ “မက်ဆီကိုနောက်တစ်ကြိမ်ပြန်တွေ့ရမှာက တကယ်ကောင်းပါတယ်။ အခိုက်အတန့်ကောင်းတွေအများကြီးရှိခဲ့ပါတယ်။ ကွင်းထဲမှာတော့ သူငယ်ချင်းဆိုတာမရှိပါဘူး။ သူကလည်းအနိုင်ကန်ဖို့ကြိုးစားမှာပါ။ ကျွန်တော်တို့လည်း အတူတူပါပဲ။ ကျွန်တော်တို့ နောက်တစ်ဆင့်တက်နိုင်ဖို့ အရာအားလုံးပေးဆပ်ကစားမှာပါ”လို့ ဟာကီမီက ပြောကြားခဲ့ပါတယ်။

ပြင်သစ် နဲ့ ပီအက်စ်ဂျီကွင်းလယ်လူဟောင်း ရိုသန်ကတော့ ပွဲမတိုင်ခင် မက်ဆီကို ထိုးနှက်ခဲ့ပါတယ်။ ရိုသန်က အာဂျင်တိုင်းသားဟာ ပီအက်စ်ဂျီမှာ အခြေအမြစ်မရှိတဲ့ဆင်ခြေတွေပေးခဲ့တယ်လို့အခိုင်အမာပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ကလပ်ကမ္ဘာ့ဖလားမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပေါ်တိုနဲ့ပွဲမှာ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ လာမယ့်ပီအက်စ်ဂျီနဲ့ပွဲမှာလည်း နောက်တစ်ဆင့်တက်နိုင်ဖို့ မျှော်လင့်နေပြီး အင်တာမိုင်ယာမီဟာ နောက်တစ်ဆင့်မှာ ဘိုင်ယန် ဒါမှမဟုတ် ဖလာမင်ဂိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။