
ဆာနေး ထွက်ခွာပြီးနောက် အာဆင်နယ် ပစ်မှတ်ထား ကင်စလေ ကိုးမန်းကို အသင်းမှာ ဆက်နေစေချင်တဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ် နည်းပြချုပ် ကွန်ပနီ က ဆာနေး ဂါလာတာဆာရေး သို့ ထွက်ခွာသွားပြီးနောက် ကိုးမန်း ကို အားကိုးရန် အသင့်ဖြစ်နေပြီ ဖြစ်ပါတယ်။
ဂျာမနီ က Sky Sport သတင်းအရ ဘိုင်ယန်ဟာ ဆာနေး ကို စာချုပ်သစ် မချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် ယခုနွေရာသီတွင် ကိုးမန်း နှင့် လမ်းခွဲရန် ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်လိုနေပါတယ်။ ဆာနေးရဲ့ ဂါလာတာဆာရေး သို့ အပြောင်းအရွှေ့ အပြီးသတ်သွားပြီးနောက် တိုက်စစ်ပိုင်း အင်အားဖြည့်တင်းရန် လိုအပ်နေတဲ့ ဘာဗေးရီးယန်း တို့အတွက် ကွန်ပနီက ကိုးမန်း ကို လာမည့်ရာသီတွင် အားကိုးလိုနေပါတယ်။
ကိုးမန်း ဟာ ဧပြီလတွင် အာဆင်နယ်သို့ ပြောင်းရွှေ့ရန် ချိတ်ဆက်ခံခဲ့ရပြီး ဂန်နာတွေဟာ ပြင်သစ်ကစားသမား ရဲ့ အလိုင်းယန်းဇ် အာရီနာ တွင် ကစားချိန် နည်းပါးမှုကို အခွင့်ကောင်းယူရန် ရှာဖွေနေတယ်လို့ သတင်းများက ဖော်ပြနေပါတယ်။ ဆော်ဒီအာရေးဗျ မှ ကလပ်အသင်းများထံမှလည်း စုံစမ်းမှုများ ရှိခဲ့ပြီး ဘိုင်ယန်က ယူရို ၁၇.၅ သန်း (ပေါင် ၁၅ သန်း / ဒေါ်လာ သန်း ၂၀) လစာကို ကုန်ကျစရိတ်စာရင်းမှ ဖယ်ရှားလိုခဲ့တာ ဖြစ်ပါတယ်။ သို့သော် ကွန်ပနီ က ပြင်သစ် ကစားသမားကို အနည်းဆုံး တစ်နှစ် ထပ်မံ ဆက်လက်ထားရန် တောင်းဆိုခဲ့ပြီး တိုက်စစ်ကစားသမားဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ် ချုပ်ဆိုထားသူ ဖြစ်ပါတယ်။
ဘိုင်ယန်ရဲ့ အသက် ၂၉ နှစ်အရွယ် ကစားသမားကို မရောင်းချလိုခြင်းဟာ ယခုနွေရာသီတွင် အခြားပစ်မှတ်များကို ခေါ်ယူရန် မအောင်မြင်ခဲ့ခြင်းကိုလည်း ညွှန်ပြနေနိုင်ပါတယ်။ ဘိုင်ယန်ဟာ ယခုနွေရာသီတွင် ပီအက်စ်ဂျီ မှ ဘရက်ဒ်လေ ဘာကိုလာ ကို ခေါ်ယူရန် စိတ်အားထက်သန်နေတယ်လို့ သိရသော်လည်း ပြင်သစ်ကလပ်က ရောင်းချရန် ငြင်းဆန်ခဲ့ပြီး အဆိုပါ တောင်ပံ ကစားသမားဟာ လူးဝစ် အင်းနရစ်ရဲ့ အစီအစဉ်များအတွက် မရှိမဖြစ်လိုအပ်သူ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဘိုင်ယန်ဟာ အက်သလက်တစ်ကလပ် မှ နီကို ဝီလျံ နှင့်လည်း ချိတ်ဆက်ခဲ့ပြီး ကစားသမားရဲ့ အေးဂျင့်နှင့် တွေ့ဆုံသည်အထိပင် ပြုလုပ်ခဲ့ပါတဘ်။ သို့သော် စပိန် လက်ရွေးစင် ကစားသမားကို ခေါ်ယူရာတွင် နောက်ကျကျန်ရစ်ခဲ့ပုံရပြီး ဘာစီလိုနာ ဦးဆောင်နေတယ်လို့ယူဆရပါတယ်။
ကိုးမန်း က ဘိုင်ယန်မြူးနစ်ရဲ့ ကလပ်ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်အဖြစ် အော့ကလန် စီးတီး ကို ၁၀-၀ ဂိုး ဖြင့် ဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲတွင် နှစ်ဂိုးသွင်းကာ တစ်ဂိုး ဖန်တီးပေးခဲ့ပါတယ်။ Sky Sport ရဲ့ သတင်းသာ မှန်ကန်ပါက တိုက်စစ်မှူးဟာ ဘာဗေးရီးယားတွင် နောက်ထပ် တစ်နှစ် ဆက်လက် ကစားဖွယ်ရှိနေပါတယ်။ စနေနေ့၊ ဇွန်လ ၂၁ ရက်နေ့တွင် အာဂျင်တီးနားအင်အားကြီးအသင်း ဘိုကာဂျူနီယာ နှင့် ရင်ဆိုင်ရမယ့် ဒုတိယပွဲစဉ်တွင် သူ ပွဲထွက်ကစားမယ်လို့လည်း မျှော်လင့်ရပါတယ်။