The network connection is lost.

Banner Image

ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ယူခဲ့ပြီးနောက် ယခုရာသီ မန်စီးတီးရဲ့ ရည်မှန်းချက်ကို ပြောပြလိုက်တဲ့ ရိုဒရီ

မန်စီးတီးကွင်းလယ်ကစားသမားဖြစ်သူ ရိုဒရီဟာ သူ့ရဲ့ခံစစ် ကစားပုံတွေကြောင့် နာမည်ကြီးပေမယ့် တစ်ဖက်မှာ အသင်းအတွက် သူ့ရဲ့ရည်မှန်းချက်တွေကို ပြောဆိုခဲ့ပါတယ်။ အဆိုပါ ကွင်းလယ်ကစားသမားဟာ ဇွန်လက ချန်ပီယံလိဂ်ဖိုင်နယ်မှာ အင်တာမီလန်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် အရေးပါတဲ့ သမိုင်းဝင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီကလည်း အာဆင်နယ်ကို ကျော်ဖြတ်ပြီး အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ မန်စီးတီးအသင်းအတွက် အရေးပါတဲ့ လီဗာပူးနဲ့ ပွဲစဉ်မှာလည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားဟာ ဂွာဒီယိုလာရဲ့ သြဇာအရှိဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပြသခဲ့သလို ပြိုင်ဘက်အသင်းရဲ့ခြိမ်းခြောက်တဲ့ တိုက်ခိုက်မှုတွေကို ဖြတ်တောက်ထားနိုင်ခဲ့ပြီး ကွင်းရဲ့တစ်ဖက်မှာလည်း သူ့ရဲ့တိကျမှုဂိုးသွင်းစွမ်းရည်ကိုလည်း ပြသခဲ့ပါတယ်။ သူဟာ ၂၀၂၁-၂၂ ရာသီမှာ မန်စီးတီးအသင်းအတွက် ၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ရိုဒရီသည် တနင်္ဂနွေနေ့က ရှက်ဖီးယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီး အင်တာဗျူးအစီအစဉ်မှာ သူရဲ့တွေးခေါ်ပုံလုပ်ငန်းစဉ်ကို ရှင်းပြရင်း ရည်မှန်းချက်ပန်းတိုင်အတွက် ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက “နည်းနည်းလေးတော့ ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ခဲ့ပါတယ်။ ရှက်ဖီးလ်ယူနိုက်တက် အသင်းက အရမ်း အားထုတ်ပြီးကစားတတ်ပါတယ်။ တိုက်စစ်မှူးတွေ၊ တောင်ပံကစားသမားတွေကို သူတို့ အရမ်းအာရုံစိုက်နေကြပေမယ့် နောက်မှာရှိနေတဲ့ ကွင်းလယ် ကစားသမား တွေကိုတော့ သိပ်အာရုံစိုက်မနေပါဘူး။ အဲ့ဒီအချိန် ကျွန်တော် ကအခွင့်အရေးရဖို့ ကြိုးစားနေတယ်၊ ဂိမ်းထဲမှာ ကျွန်တော့်ကို မြင်နိုင်တယ်၊ ကျွန်တော် ခြောက်ကြိမ်၊ ခုနစ်ကြိမ်လောက် မအောင်မြင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ နေရာလွတ်ကို ရှာတွေ့ခဲ့ပါတယ်။ ဘောလုံးက ရုတ်တရက်ကြီး ရှေ့ရောက်လာတာကြောင့် ထိန်းဖို့တောင်အချိန်မရတော့ပဲ ချက်ချင်းဆုံးဖြတ်ပြီး ကန်သွင်းခဲ့တာပါ။ ကျွန်တော် ဒီရာသီမှာ မန်စီးတီးအတွက် ဂိုးတွေ ပိုရနိုင်တယ်၊ ဧရိယာထဲမှာ အချိန်ပိုရနိုင်တယ်၊ ဒီလိုအခြေအနေမျိုးမှာ ရောက်လာမှာလို့ ကျွန်တော်ပြောခဲ့တယ်၊ ဒါကြောင့် ကျွန်တော် အရမ်းပျော်ပါတယ်"လို့ ရိုဒရီက ပြောကြားခဲ့ပါတယ်။